သရုပ်ဆောင်၊ မော်ဒယ်လ် ပိုင်တံခွန်ကတော့ စိတ်ထားကောင်းသလို ဖော်ရွေရင်းနှီးတတ်တာကြောင့် ပရိသတ်တွေအကုန်လုံးက ချစ်ကြရသူ တစ်ယောက်ပဲဖြ စ်ပါတယ်။ ပိုင်တံခွန်ဟာ လူငယ်တစ်ယောက် ဖြစ်ပေမယ့်
သူ့ကိုယ်သူစည်းနဲ့ကမ်းနဲ့နေထိုင်ပြီး ဘဝကို အေးဆေးတည်ငြိမ်စွာဖြတ်သန်းနေလျက်ရှိ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့ဒီလို အေးဆေးပြီး တည်ငြိမ်လွန်းတဲ့ ပိုင်တံခွန်ဟာ ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ပဲဖြစ်ပါတယ်။




တိရစ္ဆာန် လေးတွေကို ချစ်တတ်ပြီး ထူးထူးဆန်းဆန်း အကောင်လေးတွေကို ကြိုက်တ တ်တဲ့ ပိုင်တံခွန်ဟာ သူ့ရဲ့နေအိမ်မှာ ကုန်းနေရေနေသတ္တဝါလေးတွေအပြင် တွားသွား သတ္တဝါလေး တွေကို ပါမွေးထားတာပဲဖြစ်ပါတယ်။




ဒီတစ်ခါမှာလည်း ပိုင်တံခွန်က က သူမွေးထားတဲ့ မ္ဘာ့အသေးဆုံးဆိတ် အမျိုးအစားဖြစ်တဲ့ Pygmy Goat လေးကို သီချင်းဆိုပြနေတာကို သူ့ရဲ့အစ်မ မေချစ်သွေးက ဗီဒီယိုလေးရိုက်ပြီး “ဆိတ်ဆင်းရဲတယ်ဆိုတာ ဒါမျိုး” ဆိုပြီး အခုလိုပဲ မျှဝေပေးလာပါတယ်။
ပိုင်တံခွန်ကတော့ တိရစ္ဆာန်လေးတွေကို အပေါ်ယံမဟုတ်ပဲ တကယ်ပဲချစ်မြတ်နိုးသူ တစ်ယောက်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူး။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်။ Source: May Chit Thway’s fb




Zwgyi Version








Credit