ကျောင်းသားချင်း ထိုးကြိတ်သည့် ရုပ်သံဖိုင် ပျံ့နှံ့ပြီးနောက်ကျောင်းသို့ဖုန်းယူမလာရန် အမိန့်ထုတ်

News

ကျောင်းသားချင်း ထိုးကြိတ်သည့် ရုပ်သံဖိုင် ပျံ့နှံ့ပြီးနောက် တောင်ကြီးမြို့နယ်အတွင်းရှိ ကျောင်းများအားလုံး ဖုန်းယူမလာရန် အမိန့်ထုတ်

မဲခေါင်၊ ဇူလိုင် ၁

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကျောင်းများအားလုံး၌ ယနေ့မှစတင်ပြီး ကျောင်းသူ/သားအားလုံး ကျောင်းသို့ဖုန်းမယူလာရန် အမိန့်ထုတ်ထားကြောင်း တောင်ကြီးခရိုင်ပညာရေးမှူးရုံးသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တောင်ကြီးမြို့၊ အမှတ်-၁ အခြေခံပညာအက်တန်းကျောင်းတွင် ကျောင်းသားချင်း ထိုးကြိတ်ခိုက်ရန်ဖြစ်ပွားသည့် ရုပ်သံဖိုင် လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ကာ စစ်ကောင်စီလက်အောက်ရှိ ပညာရေးစနစ်အား ဝေဖန်မှုအများအပြားထွက်ပေါ်လာခဲ့ပြီးနောက် စည်းကမ်းချက် ၇ ချက်အား ယမန်နေ့က ထုတ်ပြန်ထားကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ထ ၁ တစ်ကျောင်းတည်း အမိန့်ထုတ်တာ မဟုတ်ပါဘူး။ ‌တောင်ကြီးမြို့နယ်ထဲက အထက်တန်းကျောင်းတွေအားလုံး ပါပါတယ်။

ပြည်နယ်ရုံးရဲ့ ညွှန်ကြားချက်နဲ့ ထုတ်တာပါ။ ရန်ဖြစ်တဲ့ရုပ်သံထွက်လာတော့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အကုန်လုံးကို အစိုးရအဖွဲ့က ကြိတ်တာ တော်တော်ခံလိုက်ရတယ်။ ဒါကြောင့် စည်းကမ်းချက် ၇ချက်ထုတ်လိုက်တာပါ။။တခြား‌မြို့နယ်တွေလည်း ဆက်ထုတ်ပါလိမ့်မယ်” ဟု ၎င်းကပြောသည်။

အဆိုပါအမိန့်ထုတ်ပြန်ချက်၌ ကျောင်းသို့ ဖုန်းယူလာခြင်း၊ ကျောင်းတွင်ခိုက်ရန်ဖြစ်ပွားခြင်း၊ ကျောင်းတွင်း/ကျောင်းပြင်ပ အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်းများ ကျူးလွန်ပါက စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ကျောင်းပြောင်းလက်မှတ် ချက်ခြင်း ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် ရည်းစားထား ချိန်းတွေ့ခြင်း၊ မဖွယ်မရာ ပြုလုပ်ခြင်း၊ မည်သည့် အကြောင်း အရာမဆို အချိန်းအချက်ပြုလုပ်ခြင်းများ မပြုလုပ်ရန်ဟု ပါရှိသည်။

အထက်ပါစည်းကမ်းချက်များကို ကျူးလွန်ပါက မိဘနှင့်အတူ ၃ ကြိမ်ခေါ်ယူသတိပေးပြီး ကျောင်းပြောင်း လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများကို ခေါ်ယူလက်မှတ်ရေးထိုးခိုင်းထားခြင်းဖြစ်သည်ဟု သိရသည်။

ရုပ်သံဖိုင်ပျံ့နှံ့ခဲ့သည့်ဖြစ်စဉ်မှာ တောင်ကြီးအထက ၁ကျောင်းတွင် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က Grade 10 ကျောင်းသား ၃ ဦးနှင့် Grade 9 ကျောင်းသားတစ်ဦးတို့ အွန်လိုင်းဂိမ်းကစားရင်း ဆဲဆိုရာမှ စကားများရန်ဖြစ်ပြီး ကျောင်းသန့်စင်ခန်းအတွင်း ထိုးကြိုက် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကျူးလွန်သူ ၃ ဦးနှင့် ပူးပေါင်းပါဝင်သူ ၁ ဦးအား ကျောင်းမှထုတ်ပယ်လိုက်ကြောင်းကိုလည်း သိရသည်။

Credit

Leave a Reply

Your email address will not be published.