စမ်းရင်း ပေါက်ကွဲလို့ ထွက်ပြေးတဲ့ လူငယ်တစ်ဦးကို အနီးနားနေသူတွေက စစ်ကောင်စီအတွက် ဝိုင်းဖမ်း၊ အဖမ်းခံလိုက်ရတဲ့ လူငယ်က “ ကျွန်တော်ကိုသာ သက်လိုက်ပါတော့ “ လို့ ပြောဆိုခဲ့
ဇွန် ၂၇ ၊ The Nation Voice
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်အိမ်ယာမှာ မနေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးအဖမ်းခံလိုက်ရတယ်လို့ အဲ့ဒီအိမ်ယာမှာ နေတဲ့သူတစ်ဦးက ပြောပါတယ်

ယုဇနဥယာဉ်အိမ်ယာ (၁၀) လမ်း၊ အေ၊ တိုက်(၁၆) မှာ မနေ့က ညနေပိုင်းမှာ ပေါက်ကွဲသံထွက်ပေါ်ခဲ့ရာ ကနဦးပိုင်းက Gas အိုးပေါက်ကွဲတယ်လို့ ထင်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှ
မြေအောက်တော်လှန်ရေးရဲဘော်တွေ စမ်းရင်းပေါက်ကွဲသွားခဲ့တာကို သိရှိခဲ့ရပြီး တစ်ဦးမှာ ဒဏ်ရာနဲ့ ထွက်ပြေးစဉ် အဲဒီလမ်းမှာ နေထိုင်သူတွေက ထွက်ပြေးတဲ့ ရဲဘော်ကို ဝိုင်းဖမ်းခဲ့တယ်လို့သိရပါတယ်
အဲ့ဒီရဲဘော်က ဝိုင်းဖမ်းပေးတဲ့ လူတွေကို ‘ကျွန်တော်ကိုသာ သက်လိုက်ပါတော့’လို့ ငိုရင်းပြောဆိုခဲ့တယ်လို့ သူကဆက်လက်ပြောပြပါတယ်

ထွက်ပြေးတဲ့ ကျန်ရဲဘော်တစ်ဦးမှာလည်း တိုက်ပေါ်မှ ခုန်ချခဲ့တဲ့အတွက် ကျဆုံးသွားခဲ့ပြီး အဖမ်းခံလိုက်ရတဲ့ ရဲဘော်တစ်ဦးကိုလည်း ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးက ရိုက်နှက်ခဲ့တဲ့ အတွက် ယုဇနဥယျာဉ်အိမ်ယာက သူတို့ကို ဝေဖန်မှုတွေမြင့်တက်လျက်ရှိပါတယ်
Source: The Nation Voice Myanmar

တိုက်ခန်းလေးပေးတဲ့သူရှိရင် ၊ဌားတဲ့သူရှိရင် နောက်ဖေးမှာရှိတဲ့အပေါက်ကနေပြေးပေါက်ကိုအရင်ရှာ ၊အဆင်မပြေရင်ပြုပြင်ပြီး ပြေးလမ်းအတွက်အရင်စဥ်းစားပြီး နေထိုင်ကြရတယ်။
အလုပ်တစ်ခုပြီးတိုင်း စိတ်ကခြောက်ခြား ညဘက်ကားသံကြားရင် ခေါင်းလေးပြူကာ ပြတင်းပေါက်ကနေချောင်းပြီး ကြည့်ကာ သတိနဲ့နေကြရတယ်။
ရန်ကုန်လိုနေရာမျိုး တိုက်ခန်းအောက်ကားသံကြားတိုင်းကြည့်နေရတာနဲ့ အိပ်ရေးဆိုတာ ဝတယ်လို့မရှိခဲ့ကြပါဘူး။

အလုပ်တစ်ခုပြီးတိုင်း ကိုယ့်ရဲ့နောက်အလုပ်အတွက်အဆင်သင့်မဖြစ်သေးသ၍ တိုက်ခန်းထဲမှာရှိတာလေးနဲ့စား၊ရှိတာလေးနဲ့လောက်ငှအောင်စားသောက်ရင်းတချိူ့ရက်တွေဆိုအစားအသောက်ကုန်သွားရင်ကိုယ့်လူတွေလာပို့ဖို့ခက်ခဲနေရင် အရံခေါက်ဆွဲခြောက်နဲ့ ဝမ်းရေးကို ဖြေရှင်းကြရတယ်။
ဒီအလုပ်ငါလုပ်တာကွလို့လည်း မပြောရဲ၊ဒါကျွန်တော်တို့လုပ်တာပါလို့ ဖွင့်ပြောလို့မရတဲ့ဘဝမှာ နီးစပ်ရာရဲဘော်အချင်းချင်း ၊အကြောင်းသိအချင်းချင်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ဖေးမရင်း သူ့ပစ္စည်းကိုယ်ယူ ၊ကိုယ့်ပစ္စည်းသူ့ပေးနဲ့အလုပ်တွေလုပ်ခဲ့ကြရတယ်။
လ္ဘက်ရည်ကြိုက်တဲ့သူလည်း အထုပ်သောက်၊စီးကရက်ကြိုက်တဲ့သူလည်း ဆေးပေါ့လိပ်သောက် ၊ဘီယာကြိုက်တဲ့သူက ဗိုက်မှောက် ကိုယ့်ရဲ့စိတ်က ကိုယ့်လုံခြုံရေးအတွက် ကိုယ့်အဖွဲ့လုံခြုံရေးအတွက် ဆိုင်ထိုင်တာတွေမလုပ်ပဲ ကိုယ်ကြိုက်တဲ့အရာတွေကို ရှိတာလေးနဲ့ နှစ်သိမ့်ကာ စားသောက်ပြီး နေထိုင်ခဲ့ကြရတယ်။

ဒါတွေဒါတွေဟာ ရန်ကုန်ကယူဂျီတွေရဲ့ ဘဝအစိတ်အပိုင်းတွေ ဒီလိုလူတွေက ကျော်ကြားမှူ့လည်းမလိုချင် အလုပ်လုပ်ချင်ပြီး နိုင်ငံစစ်ကျွန်ဘဝကလွတ်မြောက်စေချင်လို့ အလုပ်တွေလုပ်နေကြတာခင်ဗျားတို့လွတ်မြောက်ဖိူ့အတွက်ပါ ပါတယ်။
ဒါကို ဝိုင်းဖမ်းကြတယ်ဆိုတော့ ခင်ဗျားတို့လွန်လွန်းတယ်။
crd–