ေရွး အ ခါက ေတာင္သူ ကီးမ်ားသည္ မိုး႐ြာ မည္ကို သိေသာသူ (၈) ပါးကို မွတ္သား ထားၾကသည္။ ထိုရွစ္ပါးမွာ…
“ေစာင္း ဆရာႏွင့္ ယားနာ၊ ေပြးကြက္၊ ပါဒရက္က၊ ပု႐ြက္၊ ပလူ၊ အႏူ ၊ျပဒါး ေပါင္းရွစ္ပါး မိုး႐ြာ မည္ကို ႀကိဳ သိသူ” ဟု မွတ္သား ခဲ့ၾက သည္။
၁။ ေစာင္းဆရာ
ေစာင္း ဆ ရာသည္ မိမိ ေစာင္းႀကိဳးမ်ား တင္းေနသည္ကို ေတြ႕၍ မိုး႐ြာေတာ့ မည္ ဟု ႀကိဳ သိေလသည္။ မိုး ႐ြာေတာ့မည့္ အခါ ေစာင္းႀကိဳးမ်ား တင္းေန ကုန္သည္။




၂။ ယားနာ
ယား နာ ရွိေသာသူ သည္ လည္း မိုး႐ြာမည္ကို ႀကိဳ သိေလသည္။ အဘယ့္ေၾကာင့္ဆိုေသာ မိုး႐ြာေတာ့ မည့္ အခါတြင္ မအားရေအာင္ ယားနာ မ်ားကို ကုတ္ဖဲ့ ေနရေသာေၾကာင့္ ျဖစ္သည္။
၃။ ေပြးကြက္
ေပြးကြက္ ရွိေသာသူ သည္ လည္း မိုး႐ြာမည္ကို ႀကိဳ သိ ေလ သည္။ မိုး႐ြာေတာ့မည့္ အခါေပြးကြက္တို႔မွာ ထႂကြ လာေသာေၾကာင့္ ျဖစ္သည္။ ထို႔ေၾကာင့္ “ေပြးေပါင္က၊ မိုးေတာင္က” ဟု ဆိုၾကေ လသည္။




၄။ ပါဒရက္
ပါ ဒ ရက္ ေရာဂါ (ဒူလာ ေရာဂါ) ရွိ သူ သည္လည္း မိုး႐ြာမည္ကို ႀကိဳသိသူျဖစ္သည္။ မိုး႐ြာေတာ့မည့္ အခါ “ဒူလာ ပါဒရက္၊ ေျခကတက္” တတ္ေသာေၾကာင့္ ျဖစ္ သည္။
၅။ ပု႐ြက္
ပု႐ြက္တို႔ သည္လည္း မိုး႐ြာမည္ကို ႀကိဳသိ ၾကသည္။ ထိုသတၱ ဝါတို႔သည္ မိုး႐ြာမည့္အခါ မိုးလုံရာသို႔ ေ႐ႊ႕ေျပာင္းၾကေလသည္။




၆။ ပလူ
ပလူတို႔ သည္လည္း မိုး႐ြာမည္ကို ႀကိဳသိ ၾကေလသည္။ ထိုသတၱဝါ တို႔သည္ မိုး႐ြာမည့္အခါ တြင္းမွ ထြက္လာၾကေလသည္။
၇။ ကု႒ႏူနာ
ကု႒ႏူနာ ရွိသူသည္လည္း မိုး႐ြာမည္ကို ႀကိဳသိေလသည္။ ထိုေရာဂါသည္ မိုး႐ြာမည့္အခါ ထႂကြလာေသာေၾကာင့္ ျဖစ္သည္။




၈။ ျပဒါး
ျပဒါးသည္လည္း မိုး႐ြာမည္ကို ႀကိဳသိေလသည္။ မိုး႐ြာမည့္အခါ ျပဒါးသည္ တက္ေနရာမွ ျပန္လည္က် ဆင္းေလသည္။
အထက္ပါ (၈) ပါးသည္ မိုး႐ြာမည္ကို ႀကိဳသိသူဟု ေရွးသူေဟာင္းတို႔ မွတ္သားခဲ့ေလသည္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္
Credit
Unicode
ရှေးလူကြီးများ မှတ်သားခဲ့ကြသော… မိုးရွာမည်ကို ကြိုသိသောသူ (၈) မျိုး
ရှေး အ ခါက တောင်သူ ကီးများသည် မိုးရွာ မည်ကို သိသောသူ (၈) ပါးကို မှတ်သား ထားကြသည်။ ထိုရှစ်ပါးမှာ…
“စောင်း ဆရာနှင့် ယားနာ၊ ပွေးကွက်၊ ပါဒရက်က၊ ပုရွက်၊ ပလူ၊ အနူ ၊ပြဒါး ပေါင်းရှစ်ပါး မိုးရွာ မည်ကို ကြို သိသူ” ဟု မှတ်သား ခဲ့ကြ သည်။
၁။ စောင်းဆရာ
စောင်း ဆ ရာသည် မိမိ စောင်းကြိုးများ တင်းနေသည်ကို တွေ့၍ မိုးရွာတော့ မည် ဟု ကြို သိလေသည်။ မိုး ရွာတော့မည့် အခါ စောင်းကြိုးများ တင်းနေ ကုန်သည်။




၂။ ယားနာ
ယား နာ ရှိသောသူ သည် လည်း မိုးရွာမည်ကို ကြို သိလေသည်။ အဘယ့်ကြောင့်ဆိုသော မိုးရွာတော့ မည့် အခါတွင် မအားရအောင် ယားနာ များကို ကုတ်ဖဲ့ နေရသောကြောင့် ဖြစ်သည်။
၃။ ပွေးကွက်
ပွေးကွက် ရှိသောသူ သည် လည်း မိုးရွာမည်ကို ကြို သိ လေ သည်။ မိုးရွာတော့မည့် အခါပွေးကွက်တို့မှာ ထကြွ လာသောကြောင့် ဖြစ်သည်။ ထို့ကြောင့် “ပွေးပေါင်က၊ မိုးတောင်က” ဟု ဆိုကြေ လသည်။




၄။ ပါဒရက်
ပါ ဒ ရက် ရောဂါ (ဒူလာ ရောဂါ) ရှိ သူ သည်လည်း မိုးရွာမည်ကို ကြိုသိသူဖြစ်သည်။ မိုးရွာတော့မည့် အခါ “ဒူလာ ပါဒရက်၊ ခြေကတက်” တတ်သောကြောင့် ဖြစ် သည်။
၅။ ပုရွက်
ပုရွက်တို့ သည်လည်း မိုးရွာမည်ကို ကြိုသိ ကြသည်။ ထိုသတ္တ ဝါတို့သည် မိုးရွာမည့်အခါ မိုးလုံရာသို့ ရွှေ့ပြောင်းကြလေသည်။




၆။ ပလူ
ပလူတို့ သည်လည်း မိုးရွာမည်ကို ကြိုသိ ကြလေသည်။ ထိုသတ္တဝါ တို့သည် မိုးရွာမည့်အခါ တွင်းမှ ထွက်လာကြလေသည်။
၇။ ကုဋ္ဌနူနာ
ကုဋ္ဌနူနာ ရှိသူသည်လည်း မိုးရွာမည်ကို ကြိုသိလေသည်။ ထိုရောဂါသည် မိုးရွာမည့်အခါ ထကြွလာသောကြောင့် ဖြစ်သည်။




၈။ ပြဒါး
ပြဒါးသည်လည်း မိုးရွာမည်ကို ကြိုသိလေသည်။ မိုးရွာမည့်အခါ ပြဒါးသည် တက်နေရာမှ ပြန်လည်ကျ ဆင်းလေသည်။
အထက်ပါ (၈) ပါးသည် မိုးရွာမည်ကို ကြိုသိသူဟု ရှေးသူဟောင်းတို့ မှတ်သားခဲ့လေသည်။
မူရင်းရေးသားသူအား လေးစားစွာဖြင့်