ဒီကနေ့မှာ စတင် အသက်ဝင်လာတဲ့ FACEBOOK က တရားဝင်ကြေညာထား တဲ့ စည်းမျဉ်းစည်းကမ်း အသစ်များ

News

နည်းပညာကြီး တိုးတက်လာတာနဲ့အမျှ လူသုံးများတဲ့ Facebook Team က ဇွန်လ (၂၆)ရက်နေ့မှ စတင်အသုံးပြုသွားမယ့် စည်းမျဉ်းစည်းကမ်း အသစ်တွေကို ကြေညာလာခဲ့ပါပြီ။ အသစ်ထပ်တိုး ကြေညာလိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ အတော်လေးတင်းကျပ်တာကြောင့် Facebook ပရိသတ်တွေအကြား အတော်လေး ဂယက်ထနေပါတယ်။

သို့ပေမယ့်လည်း ယခု အသစ်ထပ်မံ ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းစည်းကမ်းများအားလုံးက အသစ်တွေချည်းပဲ မဟုတ်ပါဘူး ။ ယခင်အချိန်တွေတည်းက Facebook Team က ကန့်သတ်ပြီးသား အချက်တွေ တော်တော်များများပြန်ပါတာကိုမှ အနည်းငယ် ပိုမိုတင်းကျပ် လိုက်တာပဲဖြစ်ပါတယ်။ ဒီအချက်တွေ ရှောင်ကျဉ်ပြီး ဇူဇူ နဲ့ဝေးရာအရပ်မှာ ပျော်နိုင်ပါစေလို့ ဆုတောင်းရင်းဖော်ပြလိုက်ရပါပြီ။

(၁) Facebook အသုံးပြုသူတွေ အနေနဲ့ တခြားသူ Page ကတင်ထားတဲ့ စာတွေ၊ ပုံတွေ၊ Google တို့ Pinterest တို့မှ Save ထားတဲ့ ပုံတွေကို ပြန်လည်ကူးတင်လို့ မရတော့ပါဘူး။ ဒါဟာ အရင်ကတည်းကရှိပြီးသား စည်းမျဉ်းစည်းကမ်းဆိုပေမယ့် အရင်ထက် အသေးစိတ်ပိုမိုတင်းကျပ်သွားတာဖြစ်ပါတယ်။
အရင်ကဆို တစ်ခါတစ်လေ ကူးတင်မိတာမှာ ကံကောင်းရင် လွတ်နိုင်ခဲ့ပေမယ့် အခုအခါမှာတော့ လုံးဝခွင့်မပြုတော့ပဲ တစ်ခါကူးတစ်ခါ ပယ်ချတော့မှာ ပဲဖြစ်ပါတယ်။ တစ်ခါသုံးပြီးတဲ့ပို့စ် ကို ၏၊ သည် မလွဲ ပြန်ကူးတင်လို့ မရတော့တာကြောင့် ကိုယ်က ပို့စ်လေးကိုကြိုက်တယ်ဆိုရင် စာသားအနည်းငယ် ပြောင်းပြီးမှ တင်ပါလို့ အကြံပေးပါရစေ။

(၂) ကိုယ့် Page မှာတင်ထားတဲ့ post တွေကို သက်ဆိုင်ရာ ဂရုတွေထဲ မှာ Share ခွင့်မပြုတော့ပါဘူး။ ယခင်ကလည်း ဒါကို ကန့်သတ်ခဲ့ပေမယ့် အခုအခါမှာ ပိုမို တင်းကျပ်လိုက်တာဖြစ်ပါတယ်။ ယခင်က Facebook Team က ဂရုတွေထဲ Share တာကို အတိုင်းအတာ တစ်ခုထိတော့ ခွင့်ပြုထားပေမယ့် မတော်မတရားကြီးကို group တွေ အများကြီးထဲကို ခဏခဏ Share မှသာ Page ကို ဘန်းတတ်တာပါ။ သို့ပေမယ့်အခုကတော့ ဂရုတွေထဲ Share လို့ လုံးဝကို မရတော့ဘူးလို့ သိရပါတယ်။

(၃) စာအရှည်ကြီးတွေ ရေးခွင့်မပြုတော့ပါဘူး။

ဒီအချက်ကတော့ စာအရှည်ကြီးတွေ ဖတ်ရတာပျင်းတဲ့ သူတွေအဖို့တော့ စိတ်ကြိုက်ပါပဲ။ စာအရှည်ကြီးရေးခွင့်မပြုတော့တဲ့အတွက် နောက်ပိုင်းမှာ စာရေးရင် ကျစ်ကျစ်လျစ်လျစ် နဲ့ ထိထိမိမိသာရေးဖို့ အကြံပေးပါရစေနော်။

(၄) Live လွှင့်နေတုန်း Youtube နဲ့ Tik Tok ကသီချင်းတွေ လုံးဝမဖွင့်ရတော့ပါဘူး။

အရင်ကလည်း Live ထဲမှာ နိုင်ငံခြားသီချင်းတွေ ဖွင့်ထားမိရင် copyright ငြိပြီးဖျက်ချခံကြရသလို အခုအခါမှာတော့ Youtube ဘက်ကသီချင်းတွေဘက်မှာ ဦးတည်လာပါပြီ။

(၅) တင်လိုက်တဲ့ ပို့စ် တွေထဲမှာ link တွေထည့်လို့မရတော့ပါဘူး။

ပို့စ်တွေ တင်တဲ့အခါ Facebook link, website link, Youtube link အစရှိတဲ့ Link တွေ ထည့်ခွင့်မပေးတော့ပါဘူး။ အဲ့သလိုထည့်ပြီးကြော်ငြာတာနဲ့ သင့် ရဲ့ Page ကြီး တန်းကျသွားမှာပါ။

(၆) ကိုယ့် Page က ဗီဒီယို ကို ကိုယ်တိုင် ဝင်ကြည့်လို့ မရတော့ပါဘူး။ ဒီအချက်ကတော့ အဆိုးဆုံးပါပဲ။ လူတိုင်းက ကိုယ်တင်ထားတဲ့ ဗီဒီယို လေးကို ဘေလ်ကုန်ခံပြီး တစိမ့်စိမ့်ပြန်ကြည့်လေ့ ရှိကြပါတယ်။ အခုအခါမှာတော့ အဲ့သလို ပြန်ကြည့်ခွင့်မပေးပဲ ကြည့်ချင်ရင်တော့ ကိုယ့် Device ထဲက ဗီဒီယိုကိုသာ ပြန်ကြည့်ရတော့မှာပါ။ ဒါတင်သာမက ဗီဒီယို တင်ရင်လည်း (၁၀) မိနစ် ထက်နည်းတဲ့ ဗီဒီယို တွေ တင်ခွင့်မပေးတော့ဘူးလို့လည်း ကြားသိရပါတယ်။ Credit;

Zawgyi Version

နည္းပညာႀကီး တိုးတက္လာတာနဲ႔အမွ် လူသုံးမ်ားတဲ့ Facebook Team က ဇြန္လ (၂၆)ရက္ေန႔မွ စတင္အသုံးျပဳသြားမယ့္ စည္းမ်ဥ္းစည္းကမ္း အသစ္ေတြကို ေၾကညာလာခဲ့ပါၿပီ။ အသစ္ထပ္တိုး ေၾကညာလိုက္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြဟာ အေတာ္ေလးတင္းက်ပ္တာေၾကာင့္ Facebook ပရိသတ္ေတြအၾကား အေတာ္ေလး ဂယက္ထေနပါတယ္။

သို႔ေပမယ့္လည္း ယခု အသစ္ထပ္မံ ထုတ္ျပန္လိုက္တဲ့ စည္းမ်ဥ္းစည္းကမ္းမ်ားအားလုံးက အသစ္ေတြခ်ည္းပဲ မဟုတ္ပါဘူး ။ ယခင္အခ်ိန္ေတြတည္းက Facebook Team က ကန္႔သတ္ၿပီးသား အခ်က္ေတြ ေတာ္ေတာ္မ်ားမ်ားျပန္ပါတာကိုမွ အနည္းငယ္ ပိုမိုတင္းက်ပ္ လိုက္တာပဲျဖစ္ပါတယ္။ ဒီအခ်က္ေတြ ေ႐ွာင္က်ဥ္ၿပီး ဇူဇူ နဲ႔ေဝးရာအရပ္မွာ ေပ်ာ္ႏိုင္ပါေစလို႔ ဆုေတာင္းရင္းေဖာ္ျပလိုက္ရပါၿပီ။

(၁) Facebook အသုံးျပဳသူေတြ အေနနဲ႔ တျခားသူ Page ကတင္ထားတဲ့ စာေတြ၊ ပုံေတြ၊ Google တို႔ Pinterest တို႔မွ Save ထားတဲ့ ပုံေတြကို ျပန္လည္ကူးတင္လို႔ မရေတာ့ပါဘူး။ ဒါဟာ အရင္ကတည္းက႐ွိၿပီးသား စည္းမ်ဥ္းစည္းကမ္းဆိုေပမယ့္ အရင္ထက္ အေသးစိတ္ပိုမိုတင္းက်ပ္သြားတာျဖစ္ပါတယ္။

အရင္ကဆို တစ္ခါတစ္ေလ ကူးတင္မိတာမွာ ကံေကာင္းရင္ လြတ္ႏိုင္ခဲ့ေပမယ့္ အခုအခါမွာေတာ့ လုံးဝခြင့္မျပဳေတာ့ပဲ တစ္ခါကူးတစ္ခါ ပယ္ခ်ေတာ့မွာ ပဲျဖစ္ပါတယ္။ တစ္ခါသုံးၿပီးတဲ့ပို႔စ္ ကို ၏၊ သည္ မလြဲ ျပန္ကူးတင္လို႔ မရေတာ့တာေၾကာင့္ ကိုယ္က ပို႔စ္ေလးကိုႀကိဳက္တယ္ဆိုရင္ စာသားအနည္းငယ္ ေျပာင္းၿပီးမွ တင္ပါလို႔ အၾကံေပးပါရေစ။

(၂) ကိုယ့္ Page မွာတင္ထားတဲ့ post ေတြကို သက္ဆိုင္ရာ ဂ႐ုေတြထဲ မွာ Share ခြင့္မျပဳေတာ့ပါဘူး။ ယခင္ကလည္း ဒါကို ကန္႔သတ္ခဲ့ေပမယ့္ အခုအခါမွာ ပိုမို တင္းက်ပ္လိုက္တာျဖစ္ပါတယ္။ ယခင္က Facebook Team က ဂ႐ုေတြထဲ Share တာကို အတိုင္းအတာ တစ္ခုထိေတာ့ ခြင့္ျပဳထားေပမယ့္ မေတာ္မတရားႀကီးကို group ေတြ အမ်ားႀကီးထဲကို ခဏခဏ Share မွသာ Page ကို ဘန္းတတ္တာပါ။ သို႔ေပမယ့္အခုကေတာ့ ဂ႐ုေတြထဲ Share လို႔ လုံးဝကို မရေတာ့ဘူးလို႔ သိရပါတယ္။

(၃) စာအ႐ွည္ႀကီးေတြ ေရးခြင့္မျပဳေတာ့ပါဘူး။

ဒီအခ်က္ကေတာ့ စာအ႐ွည္ႀကီးေတြ ဖတ္ရတာပ်င္းတဲ့ သူေတြအဖို႔ေတာ့ စိတ္ႀကိဳက္ပါပဲ။ စာအ႐ွည္ႀကီးေရးခြင့္မျပဳေတာ့တဲ့အတြက္ ေနာက္ပိုင္းမွာ စာေရးရင္ က်စ္က်စ္လ်စ္လ်စ္ နဲ႔ ထိထိမိမိသာေရးဖို႔ အၾကံေပးပါရေစေနာ္။

(၄) Live လႊင့္ေနတုန္း Youtube နဲ႔ Tik Tok ကသီခ်င္းေတြ လုံးဝမဖြင့္ရေတာ့ပါဘူး။

အရင္ကလည္း Live ထဲမွာ ႏိုင္ငံျခားသီခ်င္းေတြ ဖြင့္ထားမိရင္ copyright ၿငိၿပီးဖ်က္ခ်ခံၾကရသလို အခုအခါမွာေတာ့ Youtube ဘက္ကသီခ်င္းေတြဘက္မွာ ဦးတည္လာပါၿပီ။

(၅) တင္လိုက္တဲ့ ပို႔စ္ ေတြထဲမွာ link ေတြထည့္လို႔မရေတာ့ပါဘူး။

ပို႔စ္ေတြ တင္တဲ့အခါ Facebook link, website link, Youtube link အစ႐ွိတဲ့ Link ေတြ ထည့္ခြင့္မေပးေတာ့ပါဘူး။ အဲ့သလိုထည့္ၿပီးေၾကာ္ျငာတာနဲ႔ သင့္ ရဲ႕ Page ႀကီး တန္းက်သြားမွာပါ။

(၆) ကိုယ့္ Page က ဗီဒီယို ကို ကိုယ္တိုင္ ဝင္ၾကည့္လို႔ မရေတာ့ပါဘူး။ ဒီအခ်က္ကေတာ့ အဆိုးဆုံးပါပဲ။ လူတိုင္းက ကိုယ္တင္ထားတဲ့ ဗီဒီယို ေလးကို ေဘလ္ကုန္ခံၿပီး တစိမ့္စိမ့္ျပန္ၾကည့္ေလ့ ႐ွိၾကပါတယ္။ အခုအခါမွာေတာ့ အဲ့သလို ျပန္ၾကည့္ခြင့္မေပးပဲ ၾကည့္ခ်င္ရင္ေတာ့ ကိုယ့္ Device ထဲက ဗီဒီယိုကိုသာ ျပန္ၾကည့္ရေတာ့မွာပါ။ ဒါတင္သာမက ဗီဒီယို တင္ရင္လည္း (၁၀) မိနစ္ ထက္နည္းတဲ့ ဗီဒီယို ေတြ တင္ခြင့္မေပးေတာ့ဘူးလို႔လည္း ၾကားသိရပါတယ္။ Credit;

Leave a Reply

Your email address will not be published.