
Knowledge









ငွေရေးကြေးရေး အခက်ခဲများ ပြေလည်စေမည့် ယတြာ

ငွေကြေးကိစ္စ အရေးကြီးသော်အကြွေးကိစ္စ အရေးကြီးသော် ငွေအလိမ်ခံရသော် ဒီယတြာ လုပ်ပါလေ

အကြွေးရစရာရှိတဲ့ သူရော ပေးစရာရှိတဲ့သူရော လုပ်လို့ရပါတယ်

လင်ဗန်းတစ်ချပ်မှာ ထုံးဖြင့် ငါးထောင့်ကြယ်ဆွဲ ဖယောင်းတိုင်(၅)တိုင်စိုက် အလယ်မှာ ဖန်ခွက်တင် ရေတစ်ဝက်ထည့် ကွမ်းရွက်နှစ်ရွက်ထည့် ကွမ်းရွက်ထည့်တဲ့အခါမှာ အရိုးကို အောက်ကထားပါ

ပြီးရင် မြတ်စွာဘုရားကိုလှူဒါန်းပြီး ငွေကြေးကိစ္စ အမြန်အဆင်ဖို့ ဆုတောင်းပါ

မည်သည့်နေ့သားသမီးဆို လုပ်လို့ရပါသည် နေ့တိုင်းလုပ်လို့ရပါတယ် အချိန်မလိုပါဘူး

အချိန်အတိအကျနဲ့လုပ်ချင်ရင် မိမိမွေးနေ့ မနက်၉နာရီ ၄၅မိနစ်မှာ စလုပ်ပါ ဖယောင်းတိုင်ကို နေ့စဉ် ထွန်းသွားလို့ရပါတယ်(၇)ရက်တိတိလုပ်ကြည့်ပါ

ရက်ပြည့်သွားလို့ ထပ်လုပ်ချင်လဲရပါတယ် ကွမ်းရွက်တွေကတော့ နွမ်းသွားရင် လဲပေးပါ တစ်နေ့ တစ်ခါ လဲလို့လည်းရပါတယ်- လေးစားစွာဖြင့် ဆရာသာထက်ဆန်း(ကျိုက်ဝိုင်းဘုရား)

Leave a Reply

Your email address will not be published.