








Rain (For Ialinks)
Unicode
ကြင်ဖော်မဲ့ဖြစ်နေသောမိခင်ဖြစ်သူအတွက် လိုင်းပေါ်ကနေ အဆင်ပြေစေမည့် ရည်းစားတစ်ယောက်ရှာပေးပြီး တစ်ခါတည်းလက်ထပ်ပွဲပါ ကျင်းပပေးလိုက်သည့် သမီးလိမ္မာလေး
လောကကြီးတွင် အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ လူတိုင်းက ဘဝကို တစ်ယောက်တည်း အထီးကျန်စွာဖြတ်သန်းသွားရမှာကြောက်ကြပြီး အနားတွင် ဆိုးအတူ ကောင်းအတူတိုင်ပင်ဖော်တိုင်ပင်ဖက် အဖော်လေးတစ်ယောက်တော့ လိုချင်မိကြမှာအမှန်ပင်ဖြစ်သည်။



သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၃၅အရွယ် မိန်းကလေးတစ်ဦးသည် မောင်နှမနှစ်ယောက်ရှိပြီး အထက်တန်းကျောင်းတက်စဥ်က မိဘနှစ်ပါးမှာ တရားဝင်ကွာရှင်းခဲ့ကြရာ မိခင်ဖြစ်သူတစ်ယောက်တည်းကပဲ ကျောင်းစရိတ်နဲ့ အိမ်သုံးစရိတ်အတွက်ကို ပင်ပင်ပန်းပန်း အလုပ်တွေလုပ်ပြီး ကျွေးမွေးစောင့်ရှောက်ပေးခဲ့သည်။



မိခင်ဖြစ်သူရဲ့ ကျေးဇူးကိုနားလည်စွာနဲ့ သူတို့မောင်နှမနှစ်ဦးသည် ဘွဲ့ရပြီးအလုပ်အကိုင်အတည်ကျလည်း ရှိနေပြီဖြစ်ရာ မိန်းကလေးသည် တစ်ချိန်လုံး သားသမီးစိတ်နဲ့ အလုပ်ပင်ပန်းခဲ့သည့်မိခင်ဖြစ်သူကို ကြင်နာစွာ ချစ်မြတ်နိုးပေးမည့် အဖော်တစ်ယောက်ကို ရှာပေးဖို့ ဆုံးဖြတ်ခဲ့သည်။
မိန်းကလေးသည် မိခင်ဖြစ်သူနဲ့ ပက်သက်သောကိုယ်ရေးကိုယ်တာအချက်အလက်များကို လိုင်းပေါ်မှာမျှဝေလိုက်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင် နိုင်ငံခြားသားတစ်ဦးနဲ့ တွေ့ရှိခဲ့ပြီး ထပ်မံပြီးတော့ မိခင်ဖြစ်သူအတွက် ဘဝလက်တွဲဖော်အသစ်ရှာပေးနိုင်ခဲ့ပြီဖြစ်သည်။
Rain (For Ialinks)
လေးစားလျင်


