Zawgyi
ဂိမ်းဆော့ပြီး ဖုန်းအားသွင်းရင်း ပလတ်ပေါက်အ နီးမှာ ကောင်လေးတစ်ဦး ဖုန်းပေါ်ဖိမိပြီး အိပ် ပျေ ာ်မိသွားရာမှ… See more
လူတွေမကြာခဏ ဓာတ်လိုက်သေဆုံးကြတဲ့အ ကြောင်းမျိုးစုံကို ကြားဖူးကြမှာပါ ။ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်အကြောင်းအရာအများစုကတော့ ဖုန်းသုံးရင်းနဲ့ ဓာတ်လိုက်သေဆုံးကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရက်က ထိုင်းနိုင်ငံမှာနေထိုင်တဲ့အမျိုးသားတစ်ဦးဟာ သူ၏ တူလေးဖြစ်တဲ့



အသက် (18)နှစ်အရွယ် ၊ Suthee အမည်ရှိတဲ့ကောင်လေးဟာ အိပ်ရာပေါ်မှာသေဆုံးနေခဲ့တာကိုတွေ့ရှိခဲ့တဲ့အတွက်ရဲဌာနသို့အကြောင်းကြားမှုဖြစ်ပွားခဲ့ပါတယ် ။ သတင်းအရင်းအမြစ်အရ S uthee ဟာ ပလတ်ပေါက်နဲ့အားသွင်းထားတဲ့
ဖုန်းအပေါ်အိပ်ပျော်သွားခဲ့တာဖြစ်ပြီး ၊ ထိုမှတ စ်ဆင့် ဓာတ်လိုက်သွားကာသေဆုံးသွားခဲ့ခြင်းဖြ စ်ကြောင်း သိရှိရပါတယ် ။Suthee၏ရုပ်အလေ ာင်းကို ဖြူ ဖျော့နေတဲ့ နှုတ်ခမ်းနှင့် သူ၏လက်မှာလည်း အားသွင်းထားတဲ့ပလတ်ပေါက်အပေါ်သို့



တင်ထားသောအနေအထားဖြင့်တွေ့ရှိခဲ့ရပါတယ် ။Suthee ၏ဦးလေးဖြစ်သူပြောပြချက်အရ ပြီးခဲ့တဲ့ညကSuthee ၏အခန်းထဲမှကျယ်လောင်သောအော်ဟစ်ငိုကြွေးသံမျိုးကိုကြားခဲ့ရကြောင်း သို့ ပေမဲ့လည်းSuthee ကအမြဲလိုလို
mobile games ဆော့နေခဲ့တာမျိုးဖြစ်တဲ့အတွက် အခန်းထဲသို့လာရောက်စစ်ဆေးခဲ့ခြင်းမျိုးမပြုလု ပ်ခဲ့မိကြောင်း ပြောဆိုခဲ့ပါတယ် ။မနက်ခင်းရော က်တော့ တူလေးကိုလာရောက်ခေါ်ထတဲ့အချိန်မှာတော့ ပြန်လည်ဖြေကြားခဲ့ခြင်း
မျိုးမရှိတော့ပဲသေဆုံးနေခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် ရဲအရာရှိများက ကလေးမိ ဘများကို အားသွင်းနေချိန်အတွင်းဖုန်းအသုံးပြုခြင်းက အတော်လေးကိုအန္တရာယ်များတဲ့အတွက် ကလေးများကိုပိုပြီးဂရုတစိုက်ပြောပြ ၊ ကြည့်ရှု



ပေးကြဖို့ သတိပေးခဲ့ကြပါတယ် ။ဖုန်းကိုအားသွ င်းနေချိန်အတွင်း အသုံးပြုခဲ့ကြလို့ဓာတ်လိုက်သေဆုံးကြတာမျိုးကိုအမြဲလိုလိုကြားဖူးခဲ့ပေမဲ့လည်း ၊ Suthee ရဲ့ဖြစ်စဉ်မှာတော့ဖုန်းအသုံးပြုနေတာမဟုတ်ဘဲ အားသွင်းနေချိန်အတွင်း
ဖုန်အပေါ်ဖိပြီးအိပ်မိခဲ့၍ဖြစ်ကြောင်း သိရှိရပါတ ယ် ။ဒါကြောင့်မို့ ကိုယ့်ရဲ့အနီးအနားမှာ ဖုန်းကိုထ ားပြီးအားသွင်းခြင်းကအန္တရာယ်အလွန်များပါတ ယ် ။အထူးသဖြင့် ညဖက်တွေမှာပါ ။ ဒီရဲ့အ ဖြစ်အပျက်လေးက စာဖတ်သူတိုင်းကိုပိုပြီးသတိဝီရိ ယပိုရှိစေမယ်လို့ မျှော်လင့်မိပါတယ်…။



Unicode



Crd


