ပန်းပဲမောင်တင့်တယ်(မင်းမဟာဂီရိနတ်)ရဲ့ ကြေကွဲဖွယ်သမိုင်း နှင့် အိမ်တွင်းနတ်စင်ဖြစ်လာပုံ

Knowledge

ပုဂံပြည် တွင် သေဉ်လည်ကြောငးမင်း အုပ်စိုးသည့်ကာလက တကောင်းပြည်တွင် ပန်းပဲသမား တစ်ဦးသည် ထင်ရှားကျော်ကြားခဲ့သည်။

သူ၏အမည်မှာ ဦးတင့်တော်ဖြစ်ပြီး သူ့တွင် ခွန်အား ဗလကြီးမားပြီး ရုပ်ဆင်းသွင်ပြင်ကျနပြေပြစ်သဖြင့်

မောင်တင့်တယ် ခေါ်သော သား တစ်ယောက်ရှိခဲ့၏ထိုသားအပြင် လှပချောမွေ့သော စောမယ်ယာနှင့်

ရှင်ထွေးလှအမည်ရှိကြသည့်သမီး ၂ယောက်လည်း ထွန်းကားခဲ့သည်။

မောင်တင့်တ ယ်သည် ထွားကျိုင်းသူပီပီ ငယ်စဉ်ကပင် အခြားသက် တူရွယ်တူ ကလေးငယ်များ အစာစားသည်ထက်

လေးဆ စားနိုင်သည်ဟု ဆိုသည်။အရွယ်ရောက် လာသောအခါ ထမင်းတစ်နပ်လျှင် ၄ပြည်ချက်ခန့် ကုန်အောင်စားနို င်သည်ဟုပြောကြသည်။

မောင်တင့်တယ်သည် သူ့ ဖခင်၏ ပန်းပဲအလုပ်ကို ဆက်ခံလုပ်ေ ဆာင်သည်.သူသည်အလုပ် လုပ်သည့်အခါ

၂၅ ပိဿလေးသည်.တူတစ်လက်ကို လက်ယာ ဘက်တွင် ကိုင်ဆောင်ပြီး ၅၀ ပိဿလေးသည့် တူကိုမူ

လက်ဝဲလက်နှင့်ကိုင်ဆောင် သည်.ထိုတူ၂လက်နှင့် ပေပေါ်ရှိ သံထည်ပစ္စည်းကို ထုလိုက်သည့်အခါ

အင်အားကြီးလွန်းသဖြင့် တကောင်းတစ်မြို့လုံးတုန်ခါသွားသည်

တူသံကိုဝေး လံသောအရပ်မှာရှိသည့် နန်းတော်ကပင် ကြားရသည်ဟုဆိုသည်.မောင်တင့်တယ်သည်

ခွန်အားမည်မျှကြီးမားသနည်းဟူမူ ဆင်ပြောင်၏ အစွယ်ကိုလည်းချိုးနိုင်၏ ဆင်ကိုနှာမောင်းမှ ဆွဲယူပြီး အဝေးသို့လည်း ပစ်နိုင်၏.

သံချောင်းများကို သူ၏ခေါင်းပေါ်တွင် တင်ပြီး လေးကိုင်းကဲ့သို့ ညွန့်ကွေးသွားအောင် ပြုလုပ်နိုင်ကြောင်းကို

တကောင်းတစ်ပြည်လုံး ကျော်ကြားသည်။အင်အားကြီးလွန်းလှသည့် ပန်းပဲသမားမောင်တင့်တယ်အကြောင်းကို

တကောင်းဘုရင်ကြားသိသောအခါ အလွန်းစိုးရိမ်မှုဖြစ်လာသည်။သူ၏ထီးနန်းလုယူမည်ကိုလည်း တွေးတောပူပန်မှုဖြစ်လေ၏။

ထို့ကြောင့်မောင်တင့်တယ်အား ဖမ်းပြီးသတ်စေရန် အမိန့်ချမှတ်လိုက်သည်။မောင်တင့်တယ်လည်း

တကောင်းဘုရင်က ဖမ်းခိုင်းမည်ကို ကြိုတင်သတင်းရထား၏။အဖမ်းမခံဘဲမ လည်တောအရပ်သို့ ထွတ်ပြေးတိမ်းရှောင်သွားသည်။

မောင်တင့်တယ်အား ဖမ်းဆီး၍မရကြောင်း ဘုရင်ကြီး ကြားသိရသည့် အခါ လွန်စွာပင်စိတ်မချမ်းသာဖြစ်သွားသည်။

မောင်တင့်တယ်တွင် ချောမောလှပသည့် နှမငယ်တစ်ဦး ရှိကြောင်း သိရသည့်အခါ သူသည် အကောက်ကြံတော့၏။

လှပတင့်တယ် ချစ်စဖွယ်ေ ကာင်းသော နှမငယ်စော မယ်ယာအား ဘုရင်ကြီးက ကောက်ယူလိုက်ပြီးလျှင်

မိဖုရားကြီးအဖြ စ်တင်မြှောက်လိုက်သည်။လအနည်းငယ်ကြာသောအခါ တကောင်းဘုရင်က စောမယ်ယာကား ၍သို့ပြော၏။

မောင်တင့်တယ်သည် သူ၏ယောက်ဖေတာ်ဖြစ်လာသဖြင့် နန်းလုမည်ကို မစိုးရိမ်တော့ကြောင်း ၊

တကောင်းမြို့သို့ ပြန်လာ​ေအာင်ခေါ် လွတ်ရန်နှင့် ရောက်လာပါက မြို့စားခန့်မည်ဖြစ်ကြောင်း

ေစာမယ်ယာအား ယုံကြည်လောက်အောင် ပြောဆိုသည်။ရိုးသားလှသော နှမဖြစ်သူ စောမယ်ယာသည်

ဘုရင့်စကားအား ယုံစားပြီး မောင်ကြီးမောင်တင့်တယ်အား အခေါ်လွှတ်စေသည်။မောင်တင့်တယ်လည်း

အမှန်တကယ်မြို့စားခန့်လို၍ အခေါ်လွှတ်သည်ဟု ထင်မှတ်သဖြင့် တကောင်းမြို့သို့လိုက်လာ၏။

တကောင်းသို့ရောက်လျှင် ရောက်ချင်း ဘုရင့်စစ်သားများကဖမ်းဆီးပြီး ဧရာဝတီမြစ်နဖူးရှိ စံကားစိမ်းပင်တွင် ချည်နှောင်ထားလိုက်သည်။

မောင်တင့်တ ယ်အား ဖမ်းဆီးချုပ်နှောင်ထားလိုက်ကြ ပြီဖြစ်ကြောင်းကို တကောင်းဘုရင်အား

သံတော်ဦးတင်ြ ကသည့်အခါ ဘုရင်ကြီးသည် မိဖုရားဖြစ်သူ နှမတော်စောမယ်ယာအပါအဝင်

ခြွေရံသင်းပင်းနှင့် မြစ်ကမ်းနဖူးသို့ ကြွရောက်လာသည်။မောင်တင့်တယ် အားသတ်ရာ၌ ဓါးနှင့်ခုတ်၊

လှံနှင့် ထိုးသော်လည်း မသေကြောင်း လျှောက်တင်ကြသဖြင့် အလွန်ကြီးမားသော မီးဖိုကြီးတခု ဖိုပြီး

မောင်တင့်တယ်အား မီးရှို့သတ်ရန် ဘုရင်ကြီးက အမိန့်ပေးလိုက်ကြသည်။

အာဏာသားများကလည် မီးဖိုပြီး မောင်တင့်တယ်အားမီးရှို့သတ်တော့၏။

အလွန်ပူပြင်းလှသော မီးတောက်မီးလျှံ အတွင်းဝယ် ပူလောင်သည့်ဝေဒနာဖြင့် တွန့်လိမ်နေသော မောင်ကြီးဖြစ်သူ

မောင်တင့်တယ်အား တွေ့မြင့်လိုက်ရသည့်အခါ နှမငယ်စောမယ်ယာမှာ ယူကျုံးမရဖြစ်သွား ရှာတော့သည်။

ငါ့မောင်ကြီး ငါ့ကြောင့်သေရရှာ သည်ဟု မြည်တမ်းပြီးလျှင် အတွေးမှာ လင်သေရင်လင်အစားရတယ်

မောင်သေလို့မောင် အစားမရဘူး ဆိုပြီးလျှင် သူလည်းမီးပုံအတွင်းသို့ ပြေးဝင်သွားတော့သည်။

တကောင်း ဘုရင်လည်း မိဖုရားအား လှမ်း၍ဆွဲလိုက်၏။ ဆံပင်ကိုဆွဲမိသဖြင့် ချောမောလှပ သည့် မျက်နှာကိုသာ ရလိုက်၏။

မီးမှာ ပူပြင်းလွန်းလှသဖြင့် တို့တောင်းလှသော အချိန်ကလေး အတွင်းမှာပင် စောမယ်ယာ၏

တစ်ကိုယ်လုံးကိုေလာင်ကျွမ်းပြာကျစေခဲ့ပြီြဖစ်သည်။မောင်တင့်တယ်တို့မောင်နှမသည် ကွယ်လွန်သေဆုံးပြီး

နတ်မောင်နှမဖြစ်သွားကြသည်။သူတို့သည် စံကားပင်မှာ နေကြ၏။တရားမဲ့လှေသာဘုရင်ကို စိတ်ဆိုးလှသဖြင့်

စံကားပင်ေအာက်သို့ ဝင်ရောက်လာသော လူနှင့်တိရစ္ဆာန်တို့ကို ဖမ်းစားကြသည်။

ထိုသတင်းကို ဘုရင်ကြားသိလေေ သာ် အလွန်ထိတ်လန့် ကြောက့်ရွံပြီး စံကားပင်ကို အမြစ်မှတူးကာ

ဧရာဝတီမြစ်အတွင်းသို့ မျှောစေသည်။ စံကားပင်သည် မြစ်ကြောင်းအတိုင်း စုန်မျောလာပြီး ပုဂံပြည်သို့ ဆိုက်ရောက်လာ၏။

သေဉ်လည်ကြောင်မင်းသည် အိပ်မက်အရ ထိုစံကားပင်ကို ဆယ်ယူကာ နတ်မောင်နှမ ရုပ်တုများ ထုလုပ်ပြီး ရွှေချစေသည်။

ထို့နောက် ပုပ္ပါးတောင်တွင် နတ်ကွန်းဆောက်ခုပ်ပြီး နတ်မောင်နှမကို ထားရှိကိုးကွယ် ကြသည်။

မောင်တင့်တယ်သည် မဟာဂီရိဟု အမည်တွင်၍ စောမယ်ယာကို တောင်ကြီးရှင်နတ်ဟု ခေါ်ကြသည်။

မီးလျှံထဲမှ မျက်နှာကလေးကိုသာ ဆွဲယူရရှိလိုက်သည်ကို အကြောင်းပြုကာ ရွှေမျက်နှာေတာ်နတ်ဟုလည်း စောမယ်ယာကို ခေါ်ကြသေးသည်။

မြန်မာတစ် ပြည်လုံးထင်ရှားကျော်ကြားသောနတ်ဖြစ်သည်။ အိမ်တိုင်းအိမ်တိုင်းမှာကြိမ်ဆိုင်းနဲ့

ကိုးကွယ်ကသတ်က ယ်ခုနှစ်ပစ် ကြမ်းခုနှစ်ခေါင်းရှိအပိုင်းစားသည်။အိမ်တွင်းနတ် နှီတစ်ပြားစာဝင်ပေါက်ရှိရင်

အိမ်တွင်နတ်ပိုင်ပါတယ်ဟု ဆိုကြပါသည်။ယနေ့ တိုင် မြန်မာပြည်၌မိမိတို့

အိမ်မှာတွင် အိမ်တွင်းနတ်အ ဖြစ်ယုံကြည်ကိုးကွယ်နေကြလေသည်။

Credit

Leave a Reply

Your email address will not be published.