ပြည်ပနိုင်ငံတွေကနေ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို ကူညီပံ့ပိုးပေးမယ်ဆိုတဲ့ ကတိကဝတ်ရရှိထားပြီးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
ဇွန် ၂၄ ၊ ၂၀၂၂
အလုပ်သဘောအရ ပြည်ပနိုင်ငံတွေကို ခရီးထွက်နေစဉ်ကာလအတွင်းမှာ ပြည်ပနိုင်ငံတွေကနေ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေကို ကူညီပံ့ပိုးပေးမယ်ဆိုတဲ့ ကတိကဝတ်တွေ ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီး ဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။

“ အစကတည်းကကျွန်တော်တို့တိုင်းပြည်ပညာရေးကအောက်ရောက်နေတာ ။အောက်တန်းကျနေတာ။ ဒီလိုအခြေအနေ မျိုးမှာ မဆင်မခြင်အာဏာသိမ်းတဲ့လူတစ်ယောက်က ဒီအာဏာသိမ်းတဲ့အဖွဲ့ကြောင့် ကျွန်တော်တို့ပညာရေးက သိပ်ကို ဆိုးသွားတယ်။ ကျွန်တော်အခုနိုင်ငံတကာကိုလှည့်သွားနေတဲ့အချိန် နိုင်ငံတကာရောက်တဲ့အချိန်မှာ အရမ်းကိုစိတ်ထဲမှာ ကောင်းဘူး။ နိုင်ငံတကာနဲ့တွေ့တိုင်း မြန်မာနိုင်ငံရဲ့အနာဂတ်ပညာရေးအတွက် ဆွေးနွေးပြောဆိုခဲ့တာတွေ တောင်းဆိုခဲ့ တာတွေရှိပါတယ်”လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက RFA သတင်းဌာနနဲ့အင်တာဗျူးမှာ ထည့်သွင်းပြော ကြားလိုက်တာပါ။
အကြမ်းဖက် စစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေမှာ တက်ရောက်သင်ကြားတာက တန်ဖိုးရှိတဲ့ ပညာရေးကို ဘယ်လိုနည်းနဲ့ မှ ရနိုင်မှာ မဟုတ်ဘူးဆိုတာနဲ့ လတ်တလောခရီးစဉ်တွေအတွင်း နိုင်ငံခြားတိုင်းပြည်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးတွေ ကို ကူညီပံ့ပိုးပေးမယ်ဆိုတဲ့ ကတိကဝတ်ရရှိထားတယ်ဆိုတာနဲ့ အစိုးရအဖွဲ့ဝင်တွေက ပြည်တွင်းမှာပဲ နေထိုင်ပြီး အကြမ်းဖက်စစ်အာဏာရှင်စနစ် ဖယ်ရှားရေးအတွက် အချိန်ပြည့် လုပ်ကိုင်နေကြတယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါက်တာဇော်ဝေစိုးက UK နိုင်ငံ၊ ဥရောပသပမဂ္ဂနဲ့ နော်ဝေနိုင်ငံတွေဆီကို မေ ၂၄ ကနေ ဇွန် ၁၀ ရက်အတွင်း သွားရောက်ခဲ့တာဖြစ်ပြီးတော့ ခရီးစဉ်အတွင်းမှာ နိုင်ငံတကာဆက်ဆံရေးကိစ္စရပ်တွေ၊ အကြမ်းဖက်စစ် ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူ အညီပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။PVTV

Credit