အဆုံးထိ ရောက်အောင် မလျှောက်ဘူးဆိုရင် လျှောက်ခဲ့သမျှဟာ အချဉ်းနှီးပဲ

News

တစ်ယောက်က မေးတယ်။ စစ်ခွေးတွေ တစ်နေ့ ရာချီဒွမ်နေတာ မကုန်သေးဘူးလားတဲ့။

မအလတပ်က စစ်သည်အင်အားငါးသိန်းဆိုတာ အာပလာ။ မင်းအောင်လှိုင်က စပြီး ထမင်းချက်တဲ့ကောင်ထိ ရှိလှ နှစ်သိန်းပဲ။ ကျန်တဲ့သုံးသိန်းက ကျဆုံး ထွက်ပြေးတွေကို စာရင်းဖြောင် လစာထုတ်စားနေတာ။

ယေဘုယျကျကျ တွက်ကြည့်ရအောင်။ အာဏာသိမ်းရက်ပေါင်း ငါးရာကျော်မှာ ဖေဖော်ဝါရီ၁ရက်နေ့ကစပြီး စစ်ခွေးရာချီဒွမ်ရင်တောင် ငါးသောင်းပဲ ရှိသေးတယ်။ လွန်ရော ကျွံရော တွက်ထားတာနော်။ အဲ့တော့ ပြောရမယ်ဆို မကုန်သေးဘူး။

ကုန်အောင်လည်း ဒွမ်စရာ မလိုဘူး။ ကိုယ်တွေဘက်က လွတ်မြောက်နယ်မြေ ဖော်ဆောင်နိုင်မှု၊ အာမခံချက်ရှိလာပြီဆိုရင် ထက်ဝက်လောက် ဖြိုနိုင်ဖို့တောင် မလိုဘူး။ အကုန်ပြေးကြမှာ။

ဘာလို့ကြာနေတာလဲ။ PDF ဘက်မှာ လူအင်အားက မနည်းဘူး။ ဟုတ်တယ်…. လက်နက်အင်အား လိုသေးလို့ ကြာနေတာ။

မြန်ချင်ရင် အားစိုက်ကြ။ ဘေးကထိုင်ပြီး ဒွမ်နေတာ မကုန်သေးဘူးလား အာနေတာက သိပ်လွယ်တယ်။ ဟိုဟာဘာဖြစ်တယ် ဒီဟာဘာဖြစ်တယ် ဝေဖန်ရှုံ့ချအာရိုက်နေရုံနဲ့ တော်လှန်ရေးမအောင်ဘူး။

နှစ်ပေါင်း ၆၀၊၇၀ လောက် တိုင်းပြည်ရဲ့ အဆီအနှစ်တွေကို မျိုဆို့တည်ဆောက်ထားတဲ့ ဘရိန်းဝက်ရှ်စောက်တပ်ကို ဖြိုနေကြရတာ။

ကံကောင်းတာတစ်ခုက စစ်ခေါင်းဆောင်တွေက အောက်ခြေကို လုံးဝမကြည့်ဘဲ ကိုယ်ရဖို့ ကိုယ်ဝဖို့သာ တွေးခဲ့ကြလို့ လပ်တီးက တိုက်ရည်ခိုက်ရည် အရည်အချင်း ဇီးရိုးဖြစ်နေလို့ တော်လှန်ရေးက ဒီလောက်ခရီးရောက်မြန်တာ။

စိတ်ပျက်အားလျော့စရာတွေ လပ်တီးအတွက် ထားလိုက်စမ်းပါ။ ဒီထိလျှောက်ခဲ့ပြီးပြီ၊ ဘယ်တော်လှန်ရေးအဆက်ဆက်မှ မရောက်ခဲ့ဖူးတဲ့ အခြေအနေကို တစ်နှစ်ကျော်အတွင်း ရောက်အောင် လျှောက်ခဲ့ပြီးပြီ။

အဆုံးထိ ရောက်အောင် မလျှောက်ဘူးဆိုရင် လျှောက်ခဲ့သမျှဟာ အချဉ်းနှီးပဲ။ ရင်းနှီးပေးဆပ်ကြသူတွေအတွက် ငါတို့က ဒီလောက်တော့ ခိုင်ကြည်သင့်ကြတယ်မဟုတ်လား။

လပ်တီး အပြတ်တီးတဲ့အထိ လျှောက်ကြမယ်။ ပန်ဆယ်လို

Credit

Leave a Reply

Your email address will not be published.