











ခင်ဦးနယ်တွင် နံနံသီးဆွဲခံရ၍ စစ်ကောင်စီတပ်သား ၁၅ ဦး ဝန်းကျင် tHAYဆုံးသည့်အပြင် နွားအကန်ခံရ၍ စစ်ကောင်စီ၏ ၂ ပွင့်ဗိုလ် တေဆုံး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ အနောက်ဘက်ခြမ်း ပျဉ်ထောင်ကျေးရွာ မိုးကောင်းဘုရား အဆင်းလမ်းတွင် ဇွန်လ ၂၂ ရက် နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက နံနံသီးဆွဲခဲ့သည်




အဆိုပါ တိုက်ခိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးအထက် တေဆုံးနိုင်ပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များမှာမူ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရဲဘော်တစ်ဦးထံက သိရသည်
ထို့ပြင် ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့က ခင်ဦးမြို့နယ် မြကန်ကျေးရွာ အရှေ့ဘက်တွင် လွှတ်ထားသော နွားသိုး တစ်ကောင်အား စစ်ကောင်စီ၏ နှစ်ပွင့်ဗိုလ်တစ်ဦးက သွားရောက် ပွတ်သပ်ခဲ့သည်




ထိုသို့ ပွတ်သပ်နေစဉ် ၎င်း၏ ငယ်ပါကို နွားသိုးက ထိထိမိမိ ကန်မိ၍ လူနာတင်ယာဉ်ပေါ်တွင်ပင် တေဆုံးသွားကြောင်း လူနာယာဉ်ပေါ်တွင် ပါသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်
စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်တွင် ရမ်းသန်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကံသစ်ကျေးရွာနေ ကိုးတန်းကျောင်းသား တစ်ဦး နှင့် မူးသာကျေးရွာနေ မိသားစု သုံးဦး လက်နက်ကြီး ထိမှန်၍ ဆေးရုံတင်ထားရကြောင်း ဒေသခံများထံက သိရသည် Source: မဇ္ဈိမ
Credit