မအလအတွက် နောက်ဆုံးအခန်း

News

မအလအတွက် နောက်ဆုံးအခန်း

မြင်ရသလောက် ဒီဂိမ်းကို မအလကစားတာ စွန့်စားရာကျပါတယ် ဒါကလည်း နိုင်မယ် လွယ်မယ်ထင်ခဲ့တာကိုး သို့သော် သူံးနှစ်စာရံ ပလန်လုပ်ထားကတည်းက မလွယ်ပဲ ပွဲကြီးမယ် တွက်ဆထားပြီး ဟန်ဖြစ်လိမ့်မယ် မဟုတ်လည်း သူမရှုံးအောင် ဖိန့်တာ ဖြစ်မယ်

ဒီတော့ ခု မအလနေရာကနေ ၀င်ကြည့်တော့ အရင်ကတော့ မသိဘူး ခုနေ တဖြေးဖြေး ခံစားလာမိတာက ဒါက အချိန်ကူန် အကျိုးမရှိတဲ့ တမင်သက်သက် အချိန်ဖြုန်းနေတဲ့ အလုပ် ဂိမ်းပဲလို့ ခံစား ယူဆလာမိတယ်

ခုနေ မအလစိတ်ထဲမှာ သမ္မတဖြစ်ချင်သေးလားမေးရင် ငြင်းဆန်ပါလိမ့်မယ် အကြောင်းက ဒီပွဲကို မနိုင်တာ သူရှုံးတာထက် ဒီမျိုးဆက်ကလေးနဲ့ Eao တွေကို သူ့အရည်ချင်းနဲ့ ဘယ်လိုမှ အုပ်ချုပ်မရပဲ အားလုံး တကွဲစီနဲ့ တချိန် သီရိလက်ာလိုအဖြစ်မျိုးနဲ့ ဇာတ်သိမ်းရမယ်ဆိုတာ သူသိနေလို့ ဖြစ်တယ်

သဘောက သူကသာနေပေမယ့် တျုတ်ကြီးက မနေဘူးဆိုတာပါပဲ တဖြေးဖြေးနဲ့ ဝါးမြိုမယ်ဆိုတာ သူတို့သိနေတယ် ဒါက သန်းရွှေကိုယ်၌ နူလက်နက်နဲ့ ပတ်သက်ပြီး အားကိုးမရတဲ့ တျုတ်အောက်မ‌ရောက်မနေချင်ပဲ နိုင်ငံရေးအရ အတိုးလျော့နဲ့ ကစားခဲ့တာကို ကြည့်ရင် သိနိုင်တယ်

သို့သော် တိုင်းပြည်ကိုတော့ အလဲထပ်လုပ် တျုတ်ကို ရောင်းစားခြေမွခဲ့ကြပါတယ် ရှိတာ အကုန်ပြောင်အောင် ယုတ်မာပြီး ဒီတော့ ခု မအလလည်း အစက တျုတ်အားကိုးမရလို့ ရုရှားပြေးကပ် နောက် မျောက်သစ်ကိုင်းလွတ်တော့ အဖေဆီပြန်သွား ဒူးပြန်ထောက်နေရတာပဲ မဟုတ်လား

ခုက အခြေနေက ပြောင်းလဲသွားပြီ မအလဟာ ဒီဂိမ်းကစားခဲ့တာ မသိစိတ်မှာ နောင်တရနေလောက်ပြီး ခုကြမှ ရှေ့တိုးမရ နောက်ဆုတ်မရနဲ့ ခြေလက်တင် မဟုတ်ပဲ စကားတွေပါ ဖောင်းပွ ကျွံနေခဲ့လို့ စိတ်မပါတောင် ဆက်လျောက်ရတော့မှာပါ

ဒီနေရာမှာ မအလဟာ အမေစုကို လူလွတ် သွားညှိခိုင်းတာ အမေဟာ အာဏာရူးသိမ်းတာထက် ပြည်သူကို ရက်စက်ကြမ်းတမ်းစွာ သတ်ဖြတ်နေတာကို ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူးလို့ ပြောလိုက်တာ ဖြစ်နိုင်တယ်လို့ ခံစားလာမိတာပါပဲ ဘာကြောင့်ဆိုတော့ မအလဟာ သူ့အမှားသိပြီး ရပ်ဖို့ကြိုးစားခဲ့ပေမယ့် နောကိကျသွားခဲ့ပြီဆိုတာ

ဂိမ်းသဘောအရလည်း နောက်ဆုံးခန်းရောက်နေပြီ ထွက်ပေါက်မရှိ လွတ်လမ်းမရှိပြီမို့ မအလဟာ ဆုတ်မရပဲ ရှေ့သာ မိုက်ရူးပြီး ဆက်သွားရတော့မည် ရပ်ချင်တောင် ရပ်မရတော့ပါဘူးဆိုတာ အကြောင်းက သူရပ်လိုက်ရင် ပြည်သူထက် စစ်တပ်က သူ့ကို ပြန်-တ်မှာမို့ပါပဲ

မအလဟာ ပြည်သူတိုင်းပြည်တင်မက တပ်တွင်းစည်းကမ်းနဲ့ တပ်သားတွေအ‌ေပါ်မှာပါ စည်းဖောက်ပြိး ဥပဒေမဲ့ ကျုးလွန်ဖောက်ဖျက်မှုတွေဟာ များပြားလွန်းနေလို့ပဲ ဖြစ်တယ် စစ်ပွဲတု အလွဲသုံးစားမှု ဖြုတ်ထုတ်-တ်အပါ ထိူးချမှု စတေးခံ အသုံးချမှု စသည့် တပ်တွင်းမှာ ဥပဒေဖောက်ဖျက် အာဏာရျင်သဖွယ်ပြုလုပ်ခဲ့မှုတွေက မည်သူမျှ လက်မခံ မကျေနပ်ပါ

သို့ကြောင့် ဒီပွဲရပ်လိုက်တာနဲ့ ပြည်သူထက် စစ်တပ်က အာဏာသိမ်းမှုအပါ၀င် အလွဲသုံးစားနဲ့ သူ၏ တကိုယ်ရေအကျိုးအတွက် အာဏာအလွဲသုံးစား လုပ်မှု ဖောက်ဖျက်ကျုးလွန်မှုတွေကြောင့် စစ်တပ်က ပြန်အရေးယူ -တ်မှာစိူး၍ မအလဟာ ဒီပွဲကို အဆုံးထိသွားဖို့ ရာထူးကို မစွန့်လွှတ်ရဲအောင် ဆုပ်ကိုင်ပြီး လုပ်ဆောင်နေသည်ဆိုတာ သိရင်

အကြောင်းကြောင်းကြောင့် သို့ မနိုင်လို့ လွှတ်ချတဲ့နေ့ မအလရဲ့ ကြို့းစင်သွားတောလားဟာ ဆိုက်မြိုက်ကြီးကို မုချဧကန်ရောက်လာတော့မည်ဆိုတာ ထိုအတွက် မအလဟာ ဒီဂိမ်းကို မကစားချင်လည်း ဆက်ကစားပြိး အဆုံးထိသွားရတော့မည်ဆိုတာ

ထို့အတွက် ပြည်သူကလည်း သူ့အတွက် အဆုံးသတ်မည့်နေ့ကိုလည်း ကြိုဆိုနေကြပါလိမ့်မည်ဆိုတာ လက်ခတ်မလွဲ အသိပေးပါရစေဗျာ ‼️

#နန်းကြည်ညိုဝေ ✊🏻

Credit

Leave a Reply

Your email address will not be published.