ကွယ်လွန်သူသမီးဖြစ်သူရဲ့ဘွဲ့နှင်းသဘင်သို့တက်ရောက်ကာ ဂုဏ်ထူးဆောင်ဘွဲ့ကိုSee More…ကွယ်လွန်သူသမီးဖြစ်သူရဲ့ဘွဲ့နှင်းသဘင်သို့တက်ရောက်ကာ ဂုဏ်ထူးဆောင်ဘွဲ့ကိုSee More…



ကွယ်လွန်သူသမီးဖြစ်သူရဲ့ဘွဲ့နှင်းသဘင်သို့တက်ရောက်ကာ ဂုဏ်ထူးဆောင်ဘွဲ့ကို သူမကိုယ်စား တက်ယူပေးခဲ့တဲ့ ဖခင်တစ်ဦး
Art Tecson Jr အမည်ရှိအမျိုးသားတစ်ဦးဟာ ဖခင်တစ်ဦးအနေနဲ့ သူမရဲ့ဘွဲ့နှင်းသဘင်နေ့၌ သူမရဲ့ဘွဲ့လက်မှတ်ကိုကိုင်ထားရင်း ဂုဏ်ယူသောအပြုံးဖြင့် တောက်ပနေမဲ့သမီးဖြစ်သူကို မြင်ချင်နေခဲ့ပါတယ်။ သို့ပေမဲ့ ကံမကောင်းစွာနဲ့၊ ၎င်းဟာ ဘယ်တော့မှဖြစ်မလာခဲ့ပါဘူး။



Allyza Marie Tecson အမည်ရှိသမီးဖြစ်သူဟာ သူမ၏အထက်တန်းကျောင်း၌ ထူးချွန်သောကျောင်းသားတစ်ဦးဖြစ်ခဲ့ပြီး High Honors ဖြင့် ဘွဲ့ရမှာဖြစ်ပါတယ်။ သို့သော်လေယာဉ်မယ်တစ်ဦးဖြစ်လာရန်အိမ်မက်မက်ခဲ့တဲ့ Allyza ဟာ သွေးလွန်တုပ်ကွေးကြောင့်သေဆုံးသွားခဲ့ရပါတယ်။



မည်သို့ပင်ဖြစ်စေ Allyza ဆေးကုသမှုခံယူရန်ဆေးရုံတက်နေရသည့်တိုင် သူမဟာ သူမရဲ့ကျောင်းပရောဂျက်များကိုပြီးအောင်အမှတ်ကောင်းကောင်းဖြင့် အကောင်းဆုံးကြိုးစားခဲ့ပါသေးတယ်။ Allyza ဟာ ကြံ့ခိုင်တဲ့မိန်းကလေးတစ်ဦးဖြစ်ပြီး သူမဟာ သူမရဲ့ရောဂါအား တိုက်ထုတ်ကာ ဘွဲ့ကိုအရယူရန် စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။



ဝမ်းနည်းစရာမှာ သူမဟာ သွေးလွန်တုပ်ကွေးရောဂါကို အရှုံးပေးလိုက်ရပြီး မတ်လ ၁၅ ရက်နေ့တွင် ဆုံးပါးသွားခဲ့ပါတယ်။ သူမသေဆုံးမှုဟာ နောက်ဆုံးထွက်သက်အထိ သူမအနားမှာရှိမနေခဲ့ရတဲ့ ဆော်ဒီ၌အလုပ်လုပ်နေခဲ့တဲ့ သူမရဲ့ဖခင်ဖြစ်သူ Art အတွက် လွန်စွာ ခံပြင်းစေခဲ့ပါတယ်။



ဖခင်ဖြစ်သူဟာ Allyza သေဆုံးပြီး သုံးရက်အကြာမှသာ အိမ်ပြန်လာနိုင်ခဲ့ပါတယ်။ ထို့နောက် ချစ်ရတဲ့သမီး Allyza ဟာ ဖိလစ်ပိုင်နိုင်ငံ Cebu မြို့ Bulacao အာရှနည်းပညာကောလိပ်၏စီနီယာအထက်တန်းကျောင်းမှ High Honours ဘွဲ့ယူရမည်ကိုသိတဲ့အခါ ဖခင်ဟာ ဘွဲ့နှင်းသဘင်သို့ ကိုယ်တိုင်တက်ရောက်ကာ သမီး Allyza ကိုယ်စား ဘွဲ့ယူပေးခဲ့ပါတော့တယ်။



ကျောင်းဆင်းပွဲနေ့တွင် Art နှင့် သူရဲ့အစ်မဖြစ်သူ Maureen Tecson Dakay တို့ဟာ Allyza အတွက် ဆုလက်ခံရန် စင်မြင့်ပေါ်သို့ အတူတူတက်ခဲ့ကြပါတယ်။ ၎င်းတို့က Allyza ကို ဂုဏ်ပြုရန် သူမရဲ့ဘွဲ့နှင်းသဘင်ဓာတ်ပုံကိုပါ ယူလာခဲ့ကြပါတယ်။ ဆုပေးပွဲအခမ်းအနားအတွင်းမှာ ဖခင် Art ဟာ Allyza ရဲ့ဆုတံဆိပ်ကို ဂုဏ်ယူစွာ ဝတ်ဆင်ခဲ့ပါတယ်။



၎င်းက ဖခင် Art နှင့်သူ့ရဲ့မိသားစုဟာ Allyza ကိုယ်စား ဆုလက်ခံပေးရန် ချိုမြိန်တဲ့အခိုက်အတန့်ဖြစ်ခဲ့ပေမဲ့ သူမအား ကိုယ်တိုင်လူချင်းတွေ့ဂုဏ်ယူပေးရန် မဖြစ်နိုင်ခဲ့ပါဘူး။



နောက်ဆုံးတော့ Allyza ဟာ သူမရဲ့နောက်ဆုံးနေ့ရက်တွေမှာတောင် သူမအကောင်းဆုံးအရာများကို ပြသပေးနိုင်ခဲ့ပါတယ်။ Allyza လေးရဲ့ဝိညာဉ်လည်း အေးငြိမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းမိပါတယ်ဗျာ။



Zawgyi
Art Tecson Jr အမည္ရွိအမ်ိဳးသားတစ္ဦးဟာ ဖခင္တစ္ဦးအေနနဲ႔ သူမရဲ႕ဘြဲ႕ႏွင္းသဘင္ေန႔၌ သူမရဲ႕ဘြဲ႕လက္မွတ္ကိုကိုင္ထားရင္း ဂုဏ္ယူေသာအၿပဳံးျဖင့္ ေတာက္ပေနမဲ့သမီးျဖစ္သူကို ျမင္ခ်င္ေနခဲ့ပါတယ္။ သို႔ေပမဲ့ ကံမေကာင္းစြာနဲ႔၊ ၎ဟာ ဘယ္ေတာ့မွျဖစ္မလာခဲ့ပါဘူး။



Allyza Marie Tecson အမည္ရွိသမီးျဖစ္သူဟာ သူမ၏အထက္တန္းေက်ာင္း၌ ထူးခြၽန္ေသာေက်ာင္းသားတစ္ဦးျဖစ္ခဲ့ၿပီး High Honors ျဖင့္ ဘြဲ႕ရမွာျဖစ္ပါတယ္။ သို႔ေသာ္ေလယာဥ္မယ္တစ္ဦးျဖစ္လာရန္အိမ္မက္မက္ခဲ့တဲ့ Allyza ဟာ ေသြးလြန္တုပ္ေကြးေၾကာင့္ေသဆုံးသြားခဲ့ရပါတယ္။



မည္သို႔ပင္ျဖစ္ေစ Allyza ေဆးကုသမႈခံယူရန္ေဆး႐ုံတက္ေနရသည့္တိုင္ သူမဟာ သူမရဲ႕ေက်ာင္းပေရာဂ်က္မ်ားကိုၿပီးေအာင္အမွတ္ေကာင္းေကာင္းျဖင့္ အေကာင္းဆုံးႀကိဳးစားခဲ့ပါေသးတယ္။ Allyza ဟာ ႀကံ့ခိုင္တဲ့မိန္းကေလးတစ္ဦးျဖစ္ၿပီး သူမဟာ သူမရဲ႕ေရာဂါအား တိုက္ထုတ္ကာ ဘြဲ႕ကိုအရယူရန္ စိတ္ပိုင္းျဖတ္ထားခဲ့ပါတယ္။



ဝမ္းနည္းစရာမွာ သူမဟာ ေသြးလြန္တုပ္ေကြးေရာဂါကို အရႈံးေပးလိုက္ရၿပီး မတ္လ ၁၅ ရက္ေန႔တြင္ ဆုံးပါးသြားခဲ့ပါတယ္။ သူမေသဆုံးမႈဟာ ေနာက္ဆုံးထြက္သက္အထိ သူမအနားမွာရွိမေနခဲ့ရတဲ့ ေဆာ္ဒီ၌အလုပ္လုပ္ေနခဲ့တဲ့ သူမရဲ႕ဖခင္ျဖစ္သူ Art အတြက္ လြန္စြာ ခံျပင္းေစခဲ့ပါတယ္။



ဖခင္ျဖစ္သူဟာ Allyza ေသဆုံးၿပီး သုံးရက္အၾကာမွသာ အိမ္ျပန္လာႏိုင္ခဲ့ပါတယ္။ ထို႔ေနာက္ ခ်စ္ရတဲ့သမီး Allyza ဟာ ဖိလစ္ပိုင္ႏိုင္ငံ Cebu ၿမိဳ႕ Bulacao အာရွနည္းပညာေကာလိပ္၏စီနီယာအထက္တန္းေက်ာင္းမွ High Honours ဘြဲ႕ယူရမည္ကိုသိတဲ့အခါ ဖခင္ဟာ ဘြဲ႕ႏွင္းသဘင္သို႔ ကိုယ္တိုင္တက္ေရာက္ကာ သမီး Allyza ကိုယ္စား ဘြဲ႕ယူေပးခဲ့ပါေတာ့တယ္။



ေက်ာင္းဆင္းပြဲေန႔တြင္ Art ႏွင့္ သူရဲ႕အစ္မျဖစ္သူ Maureen Tecson Dakay တို႔ဟာ Allyza အတြက္ ဆုလက္ခံရန္ စင္ျမင့္ေပၚသို႔ အတူတူတက္ခဲ့ၾကပါတယ္။ ၎တို႔က Allyza ကို ဂုဏ္ျပဳရန္ သူမရဲ႕ဘြဲ႕ႏွင္းသဘင္ဓာတ္ပုံကိုပါ ယူလာခဲ့ၾကပါတယ္။ ဆုေပးပြဲအခမ္းအနားအတြင္းမွာ ဖခင္ Art ဟာ Allyza ရဲ႕ဆုတံဆိပ္ကို ဂုဏ္ယူစြာ ၀တ္ဆင္ခဲ့ပါတယ္။



၎က ဖခင္ Art ႏွင့္သူ႔ရဲ႕မိသားစုဟာ Allyza ကိုယ္စား ဆုလက္ခံေပးရန္ ခ်ိဳၿမိန္တဲ့အခိုက္အတန႔္ျဖစ္ခဲ့ေပမဲ့ သူမအား ကိုယ္တိုင္လူခ်င္းေတြ႕ဂုဏ္ယူေပးရန္ မျဖစ္ႏိုင္ခဲ့ပါဘူး။ေနာက္ဆုံးေတာ့ Allyza ဟာ သူမရဲ႕ေနာက္ဆုံးေန႔ရက္ေတြမွာေတာင္ သူမအေကာင္းဆုံးအရာမ်ားကို ျပသေပးႏိုင္ခဲ့ပါတယ္။ Allyza ေလးရဲ႕ဝိညာဥ္လည္း ေအးၿငိမ္းစြာ အနားယူႏိုင္ပါေစလို႔ ဆုေတာင္းမိပါတယ္ဗ်ာ။crd


