သိပြီးကြပြီလား ? လူနာတင်ကားမှာ Ambulance ဆိုတဲ့ စာလုံးကို ဘာလို့ ပြောင်းပြန်ရေးထားရလဲဆိုတာ…

Knowledge

လူတိုင်း မေးဖူး ကြမှာပါ… ဘာလို့ လူနာတင်ကားမှာ Ambulance ဆိုတဲ့ စာလုံးကို

ပြောင်းပြန် ရေးထားလဲ ဆိုတာ… ကျနော် ငယ်ငယ်က သိပ်သိချင်ခဲ့တယ်။

ဒီလိုနဲ့ လူကြီးတွေကို လိုက်မေးရင်း မေးရင်းနဲ့ နောက်တော့ သိသွားတယ်။

လူနာတင်ကားမှာ ပြောင်းပြန် ဖြစ်နေတဲ့ Ambulance ဆိုတဲ့ စာလုံးက သိပ်ကို အဓိပ္ပါယ်ရှိပြီး အရေးပါပါတယ်။

Ambulance ကား ရဲ့ အသက်ပေါ့ကွာ။ ဘဝမှာ လူတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့အခါမှာလည်း

ဒီအချက် က သိပ်ကို အရေးကြီး ပါတယ်။တချို့ကိစွတွေမှာ ကိုယ်ဖြစ်ချင်တာထက်၊

ကြည့်ကောင်းနေဖို့ထက် သူများတွေ အဆင်ပြေဖို့ ကိုယ်လုပ်နေကျ၊ တွေးနေကျ၊

ပြောနေကျ အရာတွေနဲ့ ဆန့်ကျင့်ဖက်တွေ လုပ်တတ်ဖို့ လိုတယ်။

ကိုယ့်ရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ပြီး ဟန်ဆောင်ပါလို့ ဆိုလိုတာ မဟုတ်ပါဘူး။

ကိုယ့် အတွက် အဆင်မပြေရင်တောင် သူများ နားလည်ဖို့ အဆင်ပြေဖို့

ကိုယ့်ရဲ့ အဆင်မပြေခြင်းကို သီးခံတတ်ရမယ် လို့ ဆိုလို တာပါ။

ဒါမှ ခရီးရောက်မှာပါ။ Ambulance ကားတွေဟာ အရေးပေါ်လူနာတင်ပြီး

ရှူပ်ထွေးတဲ့ လမ်းမပေါ်မှာ ပြေးလွှာပြီး လူနာအသက်ကို ကယ်ရ တာပါ။

အဲလို အခြေနေမျိုးမှာ သူလာနေပြီဆိုတာ အသိပေးတဲ့ အနေနဲ့ အသံ ပေးပါတယ်။

ဒီအသံ တစ်ခုတည်းက သူ့ပန်းတိုင် ခရီးရောက်ဖို့ မကူညီ ပေးနိုင်ပါဘူး။

ဘာကြောင့်လည်း ဆိုတော့ ကားတွေ အရမ်းများပြီး ဆူညံနေတဲ့ အခါမျိုးမှာ အသံပဲ ကြားပြီး

ဘယ်အရပ်က လာနေမှန်း မသိတော့ တခြားကားတွေက လမ်းဖယ် ပေးဖို့ မဖြစ်နိုင်ပါဘူး။

ကားသမားတွေက ရှုပ်ထွေးနေတဲ့ လမ်းမပေါ်မှာ အရပ်လေးမျက်နာကို မြင်နိုင်တဲ့ အခြေအနေမရှိပါဘူး။

ဒီတော့ နောက်က လာတဲ့ Ambulance ကားက သူ့ရဲ့ ပြောင်းပြန်ရေးထားတဲ့ စာလုံးကြောင့်

ရှေ့မှာသွားနေတဲ့ ကားတွေရဲ့ နောက်ကြည့်မှန် မှာ အတည့်၊ အမှန်တိုင်း သွားပေါ် ပါတယ်။

ဒီတော့ ကားသမားတွေက Ambulance ဆိုတာ သိတော့ လမ်းရှင်းပေးလို့ ရတာပေါ့။

တခါတရံ သူငါ့ကို နားလည်မှာပါလို့ ယူဆလို့ မရပါဘူး။ဘာလို့လဲဆိုတော့ သူက

သင်နဲ့ မတူတဲ့ ရှုထောင့်ကနေပြီး ကြည့်နေတယ်။ တွေးနေတယ် ဆိုတာ ကို သိဖို့လိုပါတယ်။

Credit

===============

Zawgyi

လူတိုင္း ေမးဖူး ၾကမွာပါ… ဘာလို႔ လူနာတင္ကားမွာ Ambulance ဆိုတဲ့ စာလုံးကို

ေျပာင္းျပန္ ေရးထားလဲ ဆိုတာ… က်ေနာ္ ငယ္ငယ္က သိပ္သိခ်င္ခဲ့တယ္။

ဒီလိုနဲ႔ လူႀကီးေတြကို လိုက္ေမးရင္း ေမးရင္းနဲ႔ ေနာက္ေတာ့ သိသြားတယ္။

လူနာတင္ကားမွာ ေျပာင္းျပန္ ျဖစ္ေနတဲ့ Ambulance ဆိုတဲ့ စာလုံးက သိပ္ကို အဓိပၸါယ္ရွိၿပီး အေရးပါပါတယ္။

Ambulance ကား ရဲ႕ အသက္ေပါ့ကြာ။ ဘဝမွာ လူေတြနဲ႔ ထိေတြ႕ ဆက္ဆံတဲ့အခါမွာလည္း

ဒီအခ်က္ က သိပ္ကို အေရးႀကီး ပါတယ္။တခ်ိဳ႕ကိစြေတြမွာ ကိုယ္ျဖစ္ခ်င္တာထက္၊

ၾကည့္ေကာင္းေနဖို႔ထက္ သူမ်ားေတြ အဆင္ေျပဖို႔ ကိုယ္လုပ္ေနက်၊ ေတြးေနက်၊

ေျပာေနက် အရာေတြနဲ႔ ဆန႔္က်င့္ဖက္ေတြ လုပ္တတ္ဖို႔ လိုတယ္။

ကိုယ့္ရဲ႕ စစ္မွန္တဲ့ ျဖစ္တည္မႈကို ဖုံးကြယ္ၿပီး ဟန္ေဆာင္ပါလို႔ ဆိုလိုတာ မဟုတ္ပါဘူး။

ကိုယ့္ အတြက္ အဆင္မေျပရင္ေတာင္ သူမ်ား နားလည္ဖို႔ အဆင္ေျပဖို႔

ကိုယ့္ရဲ႕ အဆင္မေျပျခင္းကို သီးခံတတ္ရမယ္ လို႔ ဆိုလို တာပါ။

ဒါမွ ခရီးေရာက္မွာပါ။ Ambulance ကားေတြဟာ အေရးေပၚလူနာတင္ၿပီး

ရႉပ္ေထြးတဲ့ လမ္းမေပၚမွာ ေျပးလႊာၿပီး လူနာအသက္ကို ကယ္ရ တာပါ။

အဲလို အေျခေနမ်ိဳးမွာ သူလာေနၿပီဆိုတာ အသိေပးတဲ့ အေနနဲ႔ အသံ ေပးပါတယ္။

ဒီအသံ တစ္ခုတည္းက သူ႔ပန္းတိုင္ ခရီးေရာက္ဖို႔ မကူညီ ေပးႏိုင္ပါဘူး။

ဘာေၾကာင့္လည္း ဆိုေတာ့ ကားေတြ အရမ္းမ်ားၿပီး ဆူညံေနတဲ့ အခါမ်ိဳးမွာ အသံပဲ ၾကားၿပီး

ဘယ္အရပ္က လာေနမွန္း မသိေတာ့ တျခားကားေတြက လမ္းဖယ္ ေပးဖို႔ မျဖစ္ႏိုင္ပါဘူး။

ကားသမားေတြက ရႈပ္ေထြးေနတဲ့ လမ္းမေပၚမွာ အရပ္ေလးမ်က္နာကို ျမင္ႏိုင္တဲ့ အေျခအေနမရွိပါဘူး။

ဒီေတာ့ ေနာက္က လာတဲ့ Ambulance ကားက သူ႔ရဲ႕ ေျပာင္းျပန္ေရးထားတဲ့ စာလုံးေၾကာင့္

ေရွ႕မွာသြားေနတဲ့ ကားေတြရဲ႕ ေနာက္ၾကည့္မွန္ မွာ အတည့္၊ အမွန္တိုင္း သြားေပၚ ပါတယ္။

ဒီေတာ့ ကားသမားေတြက Ambulance ဆိုတာ သိေတာ့ လမ္းရွင္းေပးလို႔ ရတာေပါ့။

တခါတရံ သူငါ့ကို နားလည္မွာပါလို႔ ယူဆလို႔ မရပါဘူး။ဘာလို႔လဲဆိုေတာ့ သူက

သင္နဲ႔ မတူတဲ့ ရႈေထာင့္ကေနၿပီး ၾကည့္ေနတယ္။ ေတြးေနတယ္ ဆိုတာ ကို သိဖို႔လိုပါတယ္။

Credit

Leave a Reply

Your email address will not be published.