နော်ကြယ်စင် ခေါ် ချိုမာပါသွားရှာပြီ ဖေ့စ်ဘွတ်စ်ဆယ်လီ ချိုမာအား NUG ၊ PDF.အားပေးလှုံ့ဆော်မှုဖြင့် ဖမ်းဆီးခံရ

Cele News

MNP ၊ ဇွန် ၁၇

ယနေ့ ဇွန် ၁၇ရက် ညပိုင်းက ဖေ့စ်ဘွတ်စ်ဆယ်လီ ချိုမာအား NUG ၊ PDF,အဖွဲ့ အားပေးလှုံ့ဆော်မှုဖြင့် ကမာရွတ်မြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၇ရက် ည၇နာရီခန့်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ မြနန္ဒာလမ်း၊ မြသီတာကွန်ဒို၌ နေထိုင်သည့် ချိုမာ (ခ)နော်ကြယ်စင်သည် NUG ၊အဖွဲ့ ကိုအားပေးလှုံ့ဆော်နေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ချိုမာ(ခ)နော်ကြယ်စင်သည် ၎င်းအသုံးပြုသည့် ” Cho Marနှင့် NawChomar ” ဖေ့စ်ဘွတ်စ်စာမျက်နှာမှတဆင့်

NUG ၊pdfအားပေးထောက်ခံသည့်အကြောင်းအရာများ မျှဝေထားကြောင်း တွေ့ရပြီး ၎င်းနှင့်အတူနေထိုင်သည့်အမျိုးသားတစ်ဦး ကိုပါ ဖမ်းဆီးအရေးယူစစ်ဆေးလျှက်ရှိကြောင်း ကနဦးသိရသည်။

Credit

Leave a Reply

Your email address will not be published.