ယခုနှစ်အောင်စာရင်းနှင့် ပတ်သက်၍ ကျောင်းသားကျောင်းသူများအား အသိပေးထုတ်ပြန်ချက်

News

ယခုနှစ်အောင်စာရင်းနှင့် ပတ်သက်၍ ကျောင်းသားကျောင်းသူများအား အသိပေးထုတ်ပြန်ချက်

ဇွန်လ ၁၇ ရက်နေ့

စစ်ကောင်စီက ပညာရေးကို အသုံးချပြီး အတန်းတင်ပေးတာတွေ၊ သင်ယူပြီးမြောက်ကြောင်းလက်မှတ်ထုတ်ပေးတာတွေနဲ့

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ကြောင်းထုတ်ပြန်တာတွေဟာ တရားဝင်မှု မရှိကြောင်း

အကြိမ်ကြိမ်အခါခါထုတ်ပြန်ခဲ့ပြီးပြီဖြစ်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်က ဆိုပါသည်။

ဒီက‌နေ့မှာ ထွက်ရှိလာတဲ့ စစ်ကောင်စီကပြုလုပ်တဲ့ ၂၀၂၁-၂၀၂၂ စာမေးပွဲအောင်စာရင်းဟာ

တရားမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေး ဝန်ကြီးဌာနက ဒီနေ့မှာပဲထုတ်ပြန်လာပါသည်။

NUG အနေနဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ဖက်ဒရယ်ယူနစ်စနစ်ကိုယ်စားပြုတဲ့

လူမျိုးဒေသအခြေပြုအဖွဲ့အစည်းတွေကောင်စီတွေရဲ့ ပညာရေးအဖွဲ့အစည်းတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ

တက္ကသိုလ်ကောင်စီတွေရဲ့ အသိအမှတ်ပြုမှုကိုသာ တရားဝင်အသိအမှတ်ပြုတယ်လို့ NUG က ထုတ်ပြန်ချက်မှာဖော်ပြထားပါသည်။

ဒါ့အပြင် စစ်ကောင်စီကကျင်းပတဲ့ အခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို

ဝင်ရောက်မဖြေဆိုတဲ့ CDM ကျောင်းသား၊ ကျောင်းသူတွေကို အလေးအမြတ် ဂုဏ်ပြုတယ်လို့ NUG က ထုတ်ပြန်ပါသည်။

အခုနှစ်တက္ကသိုလ်ဝင်တန်းအောင်စာရင်းမှာတော့ အောင်ချက်ရာခိုင်နှုန်းဟာ တစ်ပြည်လုံး

အတိုင်းအတာနဲ့ ၄၆ ရာခိုင်နှုန်းကျော်ရှိတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါသည်။

ပြီးခဲ့တဲ့ နှစ်တွေမှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကိုးသိန်းလောက်ရှိပေမဲ့ ဒီနှစ်မှာတော့

သုံးသိန်းနီးပါးသာရှိတယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောထားပါသည်။

အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှုမှာပါဝင်ဖို့၊

နောက် စစ်ကောင်စီနဲ့ မပူးပေါင်းတာကို ပြသဖို့ ပြည်တွင်းမှာ အခြေခံပညာရော၊ အဆင့်မြင့်ပညာကဏ္ဍမှာပါ

ကျောင်းမတက်သပိတ် လှုပ်ရှားမှု ပေါ် ပေါက်ခဲ့တာကြောင့် စစ်ကောင်စီဖွင့်တဲ့

အခြေခံပညာကျောင်းတွေမှာ ကျောင်းတက်သူဦးရေ နည်းပါးခဲ့တာဖြစ်ပါသည်။

Credit

===================

Zawgyi

ယခုႏွစ္ေအာင္စာရင္းႏွင့္ ပတ္သက္၍ ေက်ာင္းသားေက်ာင္းသူမ်ားအား အသိေပးထုတ္ျပန္ခ်က္

ဇြန္လ ၁၇ ရက္ေန႔

စစ္ေကာင္စီက ပညာေရးကို အသုံးခ်ၿပီး အတန္းတင္ေပးတာေတြ၊ သင္ယူၿပီးေျမာက္ေၾကာင္းလက္မွတ္ထုတ္ေပးတာေတြနဲ႔

တကၠသိုလ္ဝင္တန္းစာေမးပြဲ ေအာင္ျမင္ေၾကာင္းထုတ္ျပန္တာေတြဟာ တရားဝင္မႈ မရွိေၾကာင္း

အႀကိမ္ႀကိမ္အခါခါထုတ္ျပန္ခဲ့ၿပီးၿပီျဖစ္တယ္လို႔ NUG ရဲ႕ထုတ္ျပန္ခ်က္က ဆိုပါသည္။

ဒီက‌ေန႔မွာ ထြက္ရွိလာတဲ့ စစ္ေကာင္စီကျပဳလုပ္တဲ့ ၂၀၂၁-၂၀၂၂ စာေမးပြဲေအာင္စာရင္းဟာ

တရားမဝင္ဘူးလို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ ပညာေရး ဝန္ႀကီးဌာနက ဒီေန႔မွာပဲထုတ္ျပန္လာပါသည္။

NUG အေနနဲ႔ ျပည္သူကိုကိုယ္စားျပဳတဲ့ အဖြဲ႕အစည္းေတြျဖစ္တဲ့ ဖက္ဒရယ္ယူနစ္စနစ္ကိုယ္စားျပဳတဲ့

လူမ်ိဳးေဒသအေျချပဳအဖြဲ႕အစည္းေတြေကာင္စီေတြရဲ႕ ပညာေရးအဖြဲ႕အစည္းေတြ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ

တကၠသိုလ္ေကာင္စီေတြရဲ႕ အသိအမွတ္ျပဳမႈကိုသာ တရားဝင္အသိအမွတ္ျပဳတယ္လို႔ NUG က ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါသည္။

ဒါ့အျပင္ စစ္ေကာင္စီကက်င္းပတဲ့ အခု ၂၀၂၁-၂၀၂၂ ပညာသင္ႏွစ္တကၠသိုလ္ဝင္တန္းစာေမးပြဲကို

ဝင္ေရာက္မေျဖဆိုတဲ့ CDM ေက်ာင္းသား၊ ေက်ာင္းသူေတြကို အေလးအျမတ္ ဂုဏ္ျပဳတယ္လို႔ NUG က ထုတ္ျပန္ပါသည္။

အခုႏွစ္တကၠသိုလ္ဝင္တန္းေအာင္စာရင္းမွာေတာ့ ေအာင္ခ်က္ရာခိုင္ႏႈန္းဟာ တစ္ျပည္လုံး

အတိုင္းအတာနဲ႔ ၄၆ ရာခိုင္ႏႈန္းေက်ာ္ရွိတယ္လို႔ စစ္ေကာင္စီကထုတ္ျပန္ထားပါသည္။

ၿပီးခဲ့တဲ့ ႏွစ္ေတြမွာ တကၠသိုလ္ဝင္တန္းေျဖဆိုသူ ကိုးသိန္းေလာက္ရွိေပမဲ့ ဒီႏွစ္မွာေတာ့

သုံးသိန္းနီးပါးသာရွိတယ္လို႔ ပညာေရးအသိုင္းအဝိုင္းက ေျပာထားပါသည္။

အာဏာသိမ္းမႈျဖစ္ၿပီးတဲ့ေနာက္ အာဏာဖီဆန္ေရးအၾကမ္းမဖက္လႈပ္ရွားမႈမွာပါဝင္ဖို႔၊

ေနာက္ စစ္ေကာင္စီနဲ႔ မပူးေပါင္းတာကို ျပသဖို႔ ျပည္တြင္းမွာ အေျခခံပညာေရာ၊ အဆင့္ျမင့္ပညာက႑မွာပါ

ေက်ာင္းမတက္သပိတ္ လႈပ္ရွားမႈ ေပၚ ေပါက္ခဲ့တာေၾကာင့္ စစ္ေကာင္စီဖြင့္တဲ့

အေျခခံပညာေက်ာင္းေတြမွာ ေက်ာင္းတက္သူဦးေရ နည္းပါးခဲ့တာျဖစ္ပါသည္။

Credit

Leave a Reply

Your email address will not be published.