စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြသည့် CDM ကျောင်းသား၊ ကျောင်းသူများအတွက် ထုတ်ပြန်ကြေညာချက်

News

စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြသည့်CDM ကျောင်းသား၊ ကျောင်းသူများအတွက် ထုတ်ပြန်ကြေညာချက်
ရက်စွဲ။ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၇) ရက်
————————————

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တရားမဝင်အကြမ်းဖက် စစ်အာဏာရှင်က ပညာရေးကို အသုံးချ၍ (အတန်းတင်ပေးခြင်း၊ သင်ယူပြီးမြောက်ကြောင်း လက်မှတ်များထုတ်ပေးခြင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ကြောင်း ထုတ်ပြန် ကြေညာခြင်း စသည့်) စစ်အာဏာရှင်စနစ် လည်ပတ်အောင် လုပ်ဆောင်မှုများအားလုံးသည် တရားဝင်မှု မရှိကြောင်း အကြိမ်ကြိမ်အခါခါ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်တွင် ပြည်သူကိုကိုယ်စားပြုသည့် အဖွဲ့အစည်းများ ဖြစ်သည့် ပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနှင့် လူမျိုး/ဒေသအခြေပြု အဖွဲ့အစည်းများ၊ ကောင်စီများ၏ ပညာရေးအဖွဲ့အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ကောင်စီများ၏ အသိအမှတ်ပြုမှုသည်သာ တရားဝင်အသိအမှတ်ပြုမှု ဖြစ်ပါကြောင်း ထပ်လောင်းအသိပေး ကြေညာအပ်ပါသည်။

၃။ တရားမဝင်အကြမ်းဖက်စစ်အာဏာရှင်က ကျင်းပသော ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်းမပြုဘဲ ပြည်သူနှင့်တသားတည်း ရပ်တည်၍ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ကာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်နေကြသည့် CDM ကျောင်းသား၊ ကျောင်းသူများအားလုံးကို အလေး အမြတ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

၄။ သို့ပါ၍ ပြည်သူ့ပညာရေးယန္တရား ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ပြည်သူ့အစိုးရ နှင့်ပြည်သူ လက်တွဲညီညီ ဆောင်ရွက်ခြင်းဖြင့် စစ်အာဏာရှင်တော်လှန်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးတွင် ဆက်လက်ပါဝင်ပေးကြပါရန် တိုက်တွန်း ပန်ကြားအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#NUG #NUGMOE #MBEH

Credit

Leave a Reply

Your email address will not be published.