ကျောက်ဖြူက #အိမ်ထောင်ဆက်(၄၅) ဆက် ( မယား ၄၅ )ဦးဖြင့် #ခေသူမဟုတ် ” ရခိုင်ပြည်က ” #ခေသူမဟုတ် ..”ခေါင်းစဉ်ဖြင့် #ရင်ထဲကကျောက်ဖြူ ကနေဖော် ပြတင်ပေးလိုက်ရပါသည်..
ဦးမောင်ဟန်ထွန်း၊ အသက် ( ၅၉) နှစ်သည် ရခိုင်ပြည်



ကျောက်ဖြူမြို့နယ် မင်းချောင်း ကျေးရွာ အုပ်စု က မြို့ချောင်းကျေးရွာ နေထိုင်သူ အဖ ဦးမောင်ပုချေ ၏ သားဖြစ်ပါသည်.ရခိုင်ပြည်အတွင်းက အထူးဆန်းဆုံးအနေဖြင့်အဆိုပါ #ဦးမောင်ဟန်ထွန်း သည် အိမ်ထောင်ဆက် (၄၅) ဆက် ( မယား ၄၅ )ဦးထိ အိမ်ထောင်ကျခဲ့ကြောင်း အံ့သြစွာနဲ့ သိရပါသည်



လက်ရှိသားသမီး ( ၂၀ )ဦး၊ မြေး ( ၈ )ဦး၊ မြစ် ( ၂ )ဦးရှိပြီး ယခု လက်ရှိ ဇနီး #မသိန်းရွှေ နှင့် အတူ ပေါင်းသင်းနေထိုင်လျှက်ရှိကြောင်း သိရသည်..



ဦးမောင်ဟန်ထွန်းမှာ လက်ရှိဇနီးသာတစ်သက်လုံးပေါင်း သင်း နေထိုင်သွားမည်ဖြစ်ကြောင်းအကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ကွဲခဲ့ရင်လည်း ဆက်လက်အိမ်ထောင် မပြုတော့ကြောင်း ပြောပြသိရပါသည်..



ဤသည်မှာ ခွင့်ပြု ပြီးကာယကံရှင်၏ဆန္ဒ အရ တင်ပေးခြင်းဖြစ်ကြောင်း သိရမှုအား #ရင်ထဲကကျောက်ဖြူ ကနေ သင့်တော်ဆီလျော်စွာ ပြန်လည်တည်းဖြတ်ကာ အားလုံးတွက် အတုယူနိုင်ဖို့ မဟုတ်ပေမယ့် သိရှိနိုင်ရအောင်တင်ပြပေးခြင်းသာဖြစ်၍ တင်ပေးလိုက်ရပါသည်.Crd


