PDF ေတြ အလင္းဝင္ဖို႔ျပန္ေခၚေနရတဲ့ အေၾကာင္းရင္းကို ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းေျပာ

News

PDF မိဘေတြနဲ႔ EAO အဖြဲ႕ဝင္တခ်ိဳရဲ႕ေတာင္းဆိုခ်က္ ေတြေၾကာင့္ PDF ေတြ အလင္းဝင္ဖို႔ျပန္ေခၚေနတာလို႔ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းေျပာ

ဧရာဝတီတိုင္းမ္ ဇြန္လ ၁၆ ရက္

PDF ေတြ အလင္းဝင္ၿပီး ျပည္သူဘဝခံယူဖို႔ေခၚယူေနတာဟာ ၄င္းတို႔စစ္ေကာင္စီကို PDF ေတြရဲ႕မိဘေတြက ျပန္ေခၚေပးဖို႔ ေတာင္းဆိုတာေတြရွိေနလို႔

ျပန္လည္ေခၚယူေနတာျဖစ္တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ ေျပာ ဆိုလိုက္ပါတယ္

ဒါ့အျပင္ အခုလက္ရွိ PDF ေတြကိုလက္ခံထားတဲ့ EAO အဖြဲ႕ေတြဟာ PDF ေတြကိုလက္ခံထားရတာ ဝန္ထုပ္ဝန္ပိုးျဖစ္ေနတယ္ဆိုၿပီး EAO အဖြဲ႕ဝင္တခ်ိဳ႕ရဲ႕ ေတာင္းဆိုခ်က္ေတြေၾကာင့္ ျပန္လည္ေခၚယူေနတာလို႔ဆိုပါတယ္

စစ္ေကာင္စီေျပာခြင့္ရအေနနဲ႔ ဘယ္EAO အဖြဲ႕ရဲ႕ အဖြဲ႕ဝင္ ဘယ္သူက ၄င္းတို႔စစ္ေကာင္စီကို အခုလိုေတာင္းဆိုေျပာၾကားခဲ့တယ္ဆိုတာမ်ိဳးေတာ့ ေဖာ္ျပေျပာဆိုတာမ်ိဳးေတာ့ မရွိပါဘူး

စစ္ေကာင္စီဘက္က PDF ေတြအလင္းဝင္ၿပီး ျပည္သူဘဝကိုခံယူဖို႔ထုတ္ျပန္ၿပီးတဲ့ေနာက္အလင္းဝင္ေရာက္ လာတဲ့ PDF ၃၈ ထိရွိၿပီျဖစ္တယ္လို႔ စစ္ေကာင္စီဝါဒျဖန္႔သတင္းေတြမွာေဖာ္ျပပါတယ္

Crd- Ayeyarwaddy Times

PDF မိဘတွေနဲ့ EAO အဖွဲ့ဝင်တချိုရဲ့တောင်းဆိုချက် တွေကြောင့် PDF တွေ အလင်းဝင်ဖို့ပြန်ခေါ်နေတာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းပြော

ဧရာဝတီတိုင်းမ် ဇွန်လ ၁၆ ရက်

PDF တွေ အလင်းဝင်ပြီး ပြည်သူဘဝခံယူဖို့ခေါ်ယူနေတာဟာ ၄င်းတို့စစ်ကောင်စီကို PDF တွေရဲ့မိဘတွေက ပြန်ခေါ်ပေးဖို့ တောင်းဆိုတာတွေရှိနေလို့

ပြန်လည်ခေါ်ယူနေတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြော ဆိုလိုက်ပါတယ်

ဒါ့အပြင် အခုလက်ရှိ PDF တွေကိုလက်ခံထားတဲ့ EAO အဖွဲ့တွေဟာ PDF တွေကိုလက်ခံထားရတာ ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်ဆိုပြီး EAO အဖွဲ့ဝင်တချို့ရဲ့ တောင်းဆိုချက်တွေကြောင့် ပြန်လည်ခေါ်ယူနေတာလို့ဆိုပါတယ်

စစ်ကောင်စီပြောခွင့်ရအနေနဲ့ ဘယ်EAO အဖွဲ့ရဲ့ အဖွဲ့ဝင် ဘယ်သူက ၄င်းတို့စစ်ကောင်စီကို အခုလိုတောင်းဆိုပြောကြားခဲ့တယ်ဆိုတာမျိုးတော့ ဖော်ပြပြောဆိုတာမျိုးတော့ မရှိပါဘူး

စစ်ကောင်စီဘက်က PDF တွေအလင်းဝင်ပြီး ပြည်သူဘဝကိုခံယူဖို့ထုတ်ပြန်ပြီးတဲ့နောက်အလင်းဝင်ရောက် လာတဲ့ PDF ၃၈ ထိရှိပြီဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းတွေမှာဖော်ပြပါတယ်

Crd- Ayeyarwaddy Times

Leave a Reply

Your email address will not be published.