ဝဋ်ကျွေးတွေရှိရင် … ဒီဘဝနဲ့ကျေပါစေ သားလေးရယ်။မိခင်ဖြစ်သူရဲ့ အော်သံကြား၍ အိမ်ထဲမှပြေးထွက်ရာ… See More…

News

ဝဋ်ကျွေးတွေရှိရင် … ဒီဘဝနဲ့ကျေပါစေ သားလေးရယ်။မိခင်ဖြစ်သူကိုကယ်ရင်း ကွယ်လွန်သွားတဲ့ သား
လျှပ်စစ်ဓာတ်ကြိုးပြတ်ကျကာ သေဆုံးသွားသည့် သမိန်ထောသိမ်ကုန်းမှ သားအမိနှစ်ဦး၏ နောက်ဆုံးခရီးသို့ သွားရောက်အားပေးခဲ့ပါတယ်၊ရင်ထဲမိသားစုနဲ့ထပ်တူဝမ်းနည်းမိပါတယ်။ ကျွန်တော်မျက်ရည်ဝဲခဲ့ရပါတယ် မြင်ကွင်းတွေကြည့်ပြီ

ဆယ်တန်းကျောင်းသားနှင့် ကိုးတန်းကျောင်းသား သားနှစ်ဦးကျန်ရှိခဲ့ပါတယ်။သေဆုံးသူများအားအဖက်ဖက်မှ ပံပိုးကူညီသူများအား မိသားစုကိုယ်စားကျေးဇူးတင်ရှိပါကြောင်း

ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံမြို့နယ် သမိန်ထောသိမ်ကုန်းကျေးရွာတွင်နံက်၃နာရီ၁၅မိနစ်အချိန်ခန့်တွင် ဝီဝီ ဝီဝီ အသံကြားရ၍ နေအိမ်အရှေ့ ထွက်ကြည့်ရာ ဖျာပုံ-ကျုံကဒွန်းသို့ သွယ်တန်းထားသော (၁၂၀၀၀.ဗို့အား)ရှိ ဓာတ်ကြိုး တစ်ချောင်းပျက်ကျသဖြင့် သားအမိနှစ်ဦး ရင်နင့်ဖွယ်သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာနံက် ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဒေါ်တင်တင်ဝင်း သားဖြစ်သူ မောင်ညီညီအောင် တို့ နေအိမ်၌ ရှိနေစဉ် နေအိမ်အရှေ့ ဖျာပုံ-ကျုံကဒွန်း လမ်းပေါ်မှ ခရီးသွား များမှ ထန်းပင်မီးလောင်နေကြောင်း အော်ဟစ်သံကြား၍ နေအိမ်အရှေ့ထွက်ကြည့်ရာ ၎င်း၏ မျက်နှာချင်းဆိုင် လမ်းတစ်ဘက်ရှိ ဒေါ်တင်တင်ဝင်း၏ ခြံမှ ဖြတ်သန်းသွယ်ထားသော

၁၂၀၀၀.ဗို့အား)ရှိ ဖျာပုံမြို့မှ ကျုံကဒွန်းကျေးရွာသို့သွယ်တန်းထားသော ဓာတ်အားလိုင်းဓာတ်ကြိုး (၃)ချောင်းရှိသည့်အနက်မှ ယာဘက်အစွန်းရှိ ဓာတ်ကြိုး (၁)ချောင်း မှာ

ဒေါ်တင်တင်ဝင်း (၄၀)နှစ်၊(ဘ)ဦးကြိုင်၊ဈေးရောင်း ၊သမိန်ထောသိမ်ကုန်ကျေးရွာနေသူ၏ ခြံထဲရှိ ထန်းပင်နှင့် ထိပြီး ထန်းပင်ပေါ်ရှိ ထန်းလျက်ခြောက်များမှာ မီးလောင်နေသည်ကို တွေ့ရပြီး

ဓာတ်ကြိုးမှာလည်း “ဝီဝီ.. ဝီဝီ” ဟု အသံမြည်နေသည်ကိုကြားရ၍ ဒေါ်တင်တင်ဝင်းမှ နေအိမ်အရှေ့သို့ ထွက်ကြည့်စဉ် ဓာတ်ကြိုးမှာ ပျက်ကျပြီး ၎င်း၏ ခြေထောက်အားရိုက်မိသဖြင့်

၎င်းမှာမှောက်လျက်အနေအထား လဲကျသွားပြီး ဓာတ်လိုက်ကာ မီးလောင်နေစဉ် သားဖြစ်သူ မောင်ညီညီအောင် (၁၂)နှစ်၊ပဉ္စမတန်း (အ.ထ.က၊သမိန်ထော) ကျောင်းသားကလေးက အိမ်ထဲမှပြေးထွက်လာကာ မိခင်ဖြစ်သူမီးလောင်နေသည်ကို ပြေးဆွဲရာ ထပ်မံထပ်လိုက်ပြီးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါဓာတ်လိုက်သေဆုံးသွားသော သားအမိနှစ်ဦးရုပ်အလောင်းအား ဖျာပုံမြို့နယ်၊ကနိတိုက်နယ်ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ခဲ့ပြီး သေဆုံးမှုနှင့်ပတ်သတ်၍ ဓမ္မာတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေးနိုင်ရန်အတွက် ကျုံကဒွန်း နယ်မြေရဲစခန်းမှ အမှုဖွင့်လှစ်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.