တာခ်ီလိတ္ၿမိဳ႕ရွိ စာသင္ေက်ာင္းအခ်ိဳ႕ က်ဴရွင္မတက္ရင္ စာေမးပြဲ အေအာင္မေပးဟု ဆို
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္အတြင္းရွိ အထက္တန္းေက်ာင္းခြဲ(ရန္ေအာင္ေျမ)တြင္ ေက်ာင္းသား အားလုံးနီးပါးကို အတန္းပိုင္ ဆရာမမ်ားက က်ဴရွင္မတက္ပါက စာေမးပြဲ အေအာင္မေပးဟု ၿခိမ္းေျခာက္ကာ ဖိအားေပးေနၿပီး က်ဴရွင္ခအျဖစ္ ဘတ္(၇၀၀)ေတာင္းသည္ဟု ေက်ာင္းသား မိဘမ်ားက ဆိုသည္




က်ဴရွင္ မတက္နိုင္ရင္ ေက်ာင္းမေနနဲ႔လို႔ေျပာလိုက္တယ္။ ေနာက္ၿပီး ဆရာမက က်ဴရွင္ မတက္ရင္ မရဘူးတဲ့။ က်ဴရွင္မတက္ရင္ အေအာင္မေပးဘူး ေမးခြန္းလည္း ငါတို႔ပဲထုတ္တာလို႔ ဆိုၿပီး ကေလးေတြကို (၈)တန္း ဆရာမက ေျပာတယ္ ဟု ေက်ာင္းသားမိဘ(၁)ဦးက Tachileik News Agency သို႔ ေျပာသည္
အဆိုပါ စာသင္ေက်ာင္းတြင္ အာဏာသိမ္းစစ္အုပ္စု၏ တပ္သားမ်ား ႏွင့္ စစ္တပ္အခိုင္းခံ ျပည္သူ႔စစ္မ်ား ေစာင့္ၾကပ္စဥ္က ဗုံးေပါက္ကြဲမႈလည္း ျဖစ္ပြားခဲ့သည္မ်ားလည္း ရွိသည့္အတြက္ စာသင္ေက်ာင္းအနီးရွိ လမ္းသြယ္တြင္ CCTV တပ္ဆင္ထားရေသးသည္




တာခ်ီလိတ္ၿမိဳ႕တြင္ ေက်ာင္းသားမ်ားကို မျဖစ္မေန က်ဴရွင္တက္ရန္ ဖိအားေပး ေျပာေနၾကသည္မွာ အထက္တန္းေက်ာင္းခြဲ(ရန္ေအာင္ေျမ)တစ္ခုတည္း မဟုတ္ဘဲ အေျခခံပညာအထက္တန္းေက်ာင္း (တာခ်ီလိတ္) အပါအဝင္ အေျခခံပညာအထက္တန္းေက်ာင္း(ဆန္ဆိုင္း) ႏွင့္ အေျခခံပညာအထက္တန္းေက်ာင္းခြဲ(ပုန္းထြန္)တို႔လည္း အပါအဝင္ျဖစ္ေၾကာင္း သိရသည္
ေက်ာင္းကေတာ့ ထုံးစံအတိုင္းပဲ အငယ္တန္း ကေလးေတြက အစ က်ဴရွင္တက္ခိုင္းေနတယ္။ ေက်ာင္းဖြင့္ၿပီ ဆိုတာနဲ႔ က်ဴရွင္အသံေတြက ထြက္လာတာပဲ။ အထက( တာခ်ီလိတ္ ) မွာက ဘယ္ေလာက္ ေတာင္းတယ္။ ဆန္ဆိုင္းေက်ာင္းက ဘယ္ေလာက္ေတာင္းတယ္ဆိုၿပီးေတာ့ေပါ့




တာခ်ီလိတ္က အရင္နဲ႔တူတာ မဟုတ္ဘူး။ မျဖစ္လို႔သာ ကေလးေတြကို ေက်ာင္းထားရတာ။ အရင္လို အဆင္မေျပဘူးေလ။ က်ဴရွင္ကိစၥကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးတင္ဦးေက်ာ္နဲ႔ ပညာေရးမႉး ေဒၚစန္းၾကည္ဝင္း တို႔က
တကယ္ပဲ မသိတာလား၊ မသိေယာင္ေဆာင္ေနတာလားေတာ့ မသိဘူး။ ဒီလို ကာလမွာ က်ဴရွင္ခေတြကလည္း အေတာ္ေလးမ်ားတယ္ ဟု ေက်ာင္းသားမိဘ တစ္ဦးက ေျပာသည္
တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း၌ အာဏာသိမ္းကာလတြင္ ေက်ာင္းတက္ေရာက္သည့္ ေက်ာင္းသား ေက်ာင္းသူ (၂၀၀၀၀)ေအာက္သာ ရွိသည္ဟု သိရသည္ Crd- Tachileik News Agency




တာချီလိတ်မြို့ရှိ စာသင်ကျောင်းအချို့ ကျူရှင်မတက်ရင် စာမေးပွဲ အအောင်မပေးဟု ဆို
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်းရှိ အထက်တန်းကျောင်းခွဲ(ရန်အောင်မြေ)တွင် ကျောင်းသား အားလုံးနီးပါးကို အတန်းပိုင် ဆရာမများက ကျူရှင်မတက်ပါက စာမေးပွဲ အအောင်မပေးဟု ခြိမ်းခြောက်ကာ ဖိအားပေးနေပြီး ကျူရှင်ခအဖြစ် ဘတ်(၇၀၀)တောင်းသည်ဟု ကျောင်းသား မိဘများက ဆိုသည်




ကျူရှင် မတက်နိုင်ရင် ကျောင်းမနေနဲ့လို့ပြောလိုက်တယ်။ နောက်ပြီး ဆရာမက ကျူရှင် မတက်ရင် မရဘူးတဲ့။ ကျူရှင်မတက်ရင် အအောင်မပေးဘူး မေးခွန်းလည်း ငါတို့ပဲထုတ်တာလို့ ဆိုပြီး ကလေးတွေကို (၈)တန်း ဆရာမက ပြောတယ် ဟု ကျောင်းသားမိဘ(၁)ဦးက Tachileik News Agency သို့ ပြောသည်
အဆိုပါ စာသင်ကျောင်းတွင် အာဏာသိမ်းစစ်အုပ်စု၏ တပ်သားများ နှင့် စစ်တပ်အခိုင်းခံ ပြည်သူ့စစ်များ စောင့်ကြပ်စဉ်က ဗုံးပေါက်ကွဲမှုလည်း ဖြစ်ပွားခဲ့သည်များလည်း ရှိသည့်အတွက် စာသင်ကျောင်းအနီးရှိ လမ်းသွယ်တွင် CCTV တပ်ဆင်ထားရသေးသည်




တာချီလိတ်မြို့တွင် ကျောင်းသားများကို မဖြစ်မနေ ကျူရှင်တက်ရန် ဖိအားပေး ပြောနေကြသည်မှာ အထက်တန်းကျောင်းခွဲ(ရန်အောင်မြေ)တစ်ခုတည်း မဟုတ်ဘဲ အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်) အပါအဝင် အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း) နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ(ပုန်းထွန်)တို့လည်း အပါအဝင်ဖြစ်ကြောင်း သိရသည်
ကျောင်းကတော့ ထုံးစံအတိုင်းပဲ အငယ်တန်း ကလေးတွေက အစ ကျူရှင်တက်ခိုင်းနေတယ်။ ကျောင်းဖွင့်ပြီ ဆိုတာနဲ့ ကျူရှင်အသံတွေက ထွက်လာတာပဲ။ အထက( တာချီလိတ် ) မှာက ဘယ်လောက် တောင်းတယ်။ ဆန်ဆိုင်းကျောင်းက ဘယ်လောက်တောင်းတယ်ဆိုပြီးတော့ပေါ့




တာချီလိတ်က အရင်နဲ့တူတာ မဟုတ်ဘူး။ မဖြစ်လို့သာ ကလေးတွေကို ကျောင်းထားရတာ။ အရင်လို အဆင်မပြေဘူးလေ။ ကျူရှင်ကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နဲ့ ပညာရေးမှူး ဒေါ်စန်းကြည်ဝင်း တို့က
တကယ်ပဲ မသိတာလား၊ မသိယောင်ဆောင်နေတာလားတော့ မသိဘူး။ ဒီလို ကာလမှာ ကျူရှင်ခတွေကလည်း အတော်လေးများတယ် ဟု ကျောင်းသားမိဘ တစ်ဦးက ပြောသည်
တာချီလိတ်မြို့နယ်အတွင်း၌ အာဏာသိမ်းကာလတွင် ကျောင်းတက်ရောက်သည့် ကျောင်းသား ကျောင်းသူ (၂၀၀၀၀)အောက်သာ ရှိသည်ဟု သိရသည် Crd- Tachileik News Agency