မိသားစုဝင်တွေ ဓားစာခံအဖြစ် အဖမ်းခံရလို့ သေကြောင်းကြံစည်တဲ့ မန္တလေးက…see more….

News

မိသားစုဝင်တွေ ဓားစာခံအဖြစ် အဖမ်းခံရလို့ သေကြောင်းကြံစည်တဲ့ မန္တလေးက ရှေ့နေအမျိုးသမီး ကွယ်လွန်မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ထဲက မိသားစုကို ဓားစာခံအဖြစ် စစ်အုပ်စုက ဖမ်းဆီးသွားလို့ ပိုးသတ်ဆေးသောက် သေကြောင်းကြံစည်တဲ့ ရှေ့နေအမျိုးသမီးဟာ ဒီနေ့ညနေပိုင်းမှာ ကွယ်လွန်သွားပြီလို့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ရှေ့နေသပိတ်၊ ပုသိမ်ကြီးသပိတ်တွေမှာ ပါဝင်တဲ့အပြင် PDF အဖွဲ့တွေကို ထောက်ပို့လုပ်တယ်ဆိုပြီး သတင်းပေးသူရှိတာကြောင့် ဇွန်လ (၈)ရက် နေ့လယ်(၁)နာရီလောက်က ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာမှာရှိတဲ့ ရှေ့နေ ဒေါ်ဖြူဖြူခိုင်ရဲ့ နေအိမ်ကို စစ်အုပ်စုက စီးနင်းဝင်ရောက် ရှာဖွေခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်

အဲဒီလို ရှာဖွေစဉ်မှာ ဒေါ်ဖြူဖြူခိုင်ကို မတွေ့တဲ့အတွက် မိသားစုဝင်တွေကို နေအိမ်မှာပဲ ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ပြီး ကျောင်းသားအရွယ် မောင်ဖြစ်သူနဲ့ ညီမနှစ်ဦး၊ စုစုပေါင်း (၃)ဦးကို ဓားစားခံအဖြစ် ဖမ်းဆီးပြီး မန္တလေး နန်းတွင်းစစ်ကြောရေးကို ပို့ဆောင်ထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

မောင်နှမတွေ ဖမ်းဆီးခံရပြီး လေးရက်အကြာ ဇွန်လ (၁၂)ရက်အထိ သတင်းအစအန စုံစမ်းမရတဲ့အတွက် နေအိမ်က တိမ်းရှောင်နေတဲ့ အသက် (၂၉)နှစ်အရွယ် ရှေ့နေ ဒေါ်ဖြူဖြူခိုင်ဟာ ပိုးသတ်ဆေးတွေ အလွန်အကျွံသောက်ပြီး အဆုံးစီရင်ပေမယ့် အနီးမှာရှိတဲ့သူတွေက တွေ့မြင်လိုက်တဲ့အတွက် အရေးပေါ် ဆေးကုသမှု ခံယူနေရပေမယ့် တိမ်းရှောင်နေတဲ့နေရာမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုမရလို့ ကွယ်လွန်သွားတာဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက ပြောဆိုပါတယ်။

သူကတော့တာဝန်ကျေပွန်ပါတယ်၊ သူရဲ့နောက်ဆုံးဆန္ဒ သူ့မောင်နှမတွေ အမြန်ဆုံးပြန်လွတ်ပါစေ “ လို့ သူက ပြောပါတယ်။စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်တော်လှန်သူတွေကို ဖမ်းဆီးလို့မရတဲ့အခါမှာ မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးထောင်ချတာမျိုးတွေ ဆက်တိုက်ပြုလုပ်နေပြီး ဓားစာခံအဖြစ် ဖမ်းဆီးခံရစဉ် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ တော်လှန်ရေးရဲဘော်အချို့က ပြောဆိုပါတယ်။

Zawgyi
မိသားစုဝင်တွေ ဓားစာခံအဖြစ် အဖမ်းခံရလို့ သေကြောင်းကြံစည်တဲ့ မန္တလေးက ရှေ့နေအမျိုးသမီး ကွယ်လွန်မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ထဲက မိသားစုကို ဓားစာခံအဖြစ် စစ်အုပ်စုက ဖမ်းဆီးသွားလို့ ပိုးသတ်ဆေးသောက် သေကြောင်းကြံစည်တဲ့ ရှေ့နေအမျိုးသမီးဟာ ဒီနေ့ညနေပိုင်းမှာ ကွယ်လွန်သွားပြီလို့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ရှေ့နေသပိတ်၊ ပုသိမ်ကြီးသပိတ်တွေမှာ ပါဝင်တဲ့အပြင် PDF အဖွဲ့တွေကို ထောက်ပို့လုပ်တယ်ဆိုပြီး သတင်းပေးသူရှိတာကြောင့် ဇွန်လ (၈)ရက် နေ့လယ်(၁)နာရီလောက်က ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာမှာရှိတဲ့ ရှေ့နေ ဒေါ်ဖြူဖြူခိုင်ရဲ့ နေအိမ်ကို စစ်အုပ်စုက စီးနင်းဝင်ရောက် ရှာဖွေခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်

အဲဒီလို ရှာဖွေစဉ်မှာ ဒေါ်ဖြူဖြူခိုင်ကို မတွေ့တဲ့အတွက် မိသားစုဝင်တွေကို နေအိမ်မှာပဲ ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ပြီး ကျောင်းသားအရွယ် မောင်ဖြစ်သူနဲ့ ညီမနှစ်ဦး၊ စုစုပေါင်း (၃)ဦးကို ဓားစားခံအဖြစ် ဖမ်းဆီးပြီး မန္တလေး နန်းတွင်းစစ်ကြောရေးကို ပို့ဆောင်ထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

မောင်နှမတွေ ဖမ်းဆီးခံရပြီး လေးရက်အကြာ ဇွန်လ (၁၂)ရက်အထိ သတင်းအစအန စုံစမ်းမရတဲ့အတွက် နေအိမ်က တိမ်းရှောင်နေတဲ့ အသက် (၂၉)နှစ်အရွယ် ရှေ့နေ ဒေါ်ဖြူဖြူခိုင်ဟာ ပိုးသတ်ဆေးတွေ အလွန်အကျွံသောက်ပြီး အဆုံးစီရင်ပေမယ့် အနီးမှာရှိတဲ့သူတွေက တွေ့မြင်လိုက်တဲ့အတွက် အရေးပေါ် ဆေးကုသမှု ခံယူနေရပေမယ့် တိမ်းရှောင်နေတဲ့နေရာမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုမရလို့ ကွယ်လွန်သွားတာဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက ပြောဆိုပါတယ်။

သူကတော့တာဝန်ကျေပွန်ပါတယ်၊ သူရဲ့နောက်ဆုံးဆန္ဒ သူ့မောင်နှမတွေ အမြန်ဆုံးပြန်လွတ်ပါစေ “ လို့ သူက ပြောပါတယ်။စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်တော်လှန်သူတွေကို ဖမ်းဆီးလို့မရတဲ့အခါမှာ မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးထောင်ချတာမျိုးတွေ ဆက်တိုက်ပြုလုပ်နေပြီး ဓားစာခံအဖြစ် ဖမ်းဆီးခံရစဉ် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ တော်လှန်ရေးရဲဘော်အချို့က ပြောဆိုပါတယ်။Crd

Leave a Reply

Your email address will not be published.