အသက်(၁၄)နှစ်မှာ မြင်းခြံက KTV ကိုရောက်ခဲ့ပြီး တစ်လမပြည့်ခင်မှာပဲKTV က ထွက်နိုင်မယ်ထင်ပြီး သူ့နောက်လိုက်ခဲ့ရာမှ… See more

News

အသက်(၁၄)နှစ်မှာ မြင်းခြံက KTV ကိုရောက်ခဲ့ပြီး တစ်လမပြည့်ခင်မှာပဲKTV က ထွက်နိုင်မယ်ထင်ပြီး သူ့နောက်လိုက်ခဲ့ရာမှ… See more
ရန်ကုန် မြောက်ဥက္ကလာမှာနေခဲ့တယ်ကျောင်းက တစ်တန်းထိပဲတက်ခဲ့ရလို့စာမဖတ်တတ်ပါဘူးအိမ်မှာ မနေချင်တာနဲ့ပဲ အိမ်ထောင်ကွဲနေတဲ့ အဒေါ်နဲ့အတူ ပွဲစားကတစ်ဆင့်မြင်းခြံကို ရောက်လာခဲ့တာ

ဒီရောက်မှ KTV မှန်းသိလို့ မလုပ်ချင်လဲပိုင်ရှင်က ပွဲခပေးထားရလို့ မလုပ်ရင်မရဘူးဆိုလို့ ဆက်လုပ်ခဲ့ရတယ်သီချင်းရွေးပေး ဘီယာ အရက်ငှဲ့ပေးဒါလောက်တော့ လုပ်ပေးရတယ်Massage တော့ရှိတယ် မလုပ်ခဲ့ဘူးအဲမှာပဲ

သူနဲ့စတွေ့တာသူက ထန်းရည်ဆိုင်မှာ ထန်းရည်သောက်နေတာလေ ဒီလိုနဲ့ပဲဘယ်မှ သွားစရာမရှိ KTV မှာလဲမလုပ်ချင်တာနဲ့ သူ့နောက်ကိုပဲလိုက်ခဲ့လိုက်တော့တာ အဲတုန်းကအသက်က ၁၄ နှစ်ပေါ့

သူကလား သူ့အိမ်ကိုတော့ ခေါ်မသွားဘူးတည်းခိုခန်းမှာ တစ်ရက် ၅၀၀၀ နဲ့တစ်လလောက်နေကြတယ် အဲကမှအိမ်ငှါးနေတယ် နောက်တော့ သူ့အမေဆီသူပြောသလို လိုက်ပြော တောင်းပန်ပါ

ဆိုတာနဲ့ လိုက်တောင်းပန်တော့သူတို့အိမ်နောက်မှာ အဖီလေးချနေတယ်သူ့ရပ်ကွက်ထဲရောက်မှ သူ့မှာ အရင်မိန်းမရှိမှန်းသိပြီး ကလေးလည်းရှိတာသိရတယ် ဒါပေမဲ့ မတတ်နိုင်ဘူးလေ

တစ်ခါ တစ်ခါ စကားများ ရန်ဖြစ်ရင်လက်ပါတဲ့အထိ ဖြစ်ကြတယ်သူက ချုပ်ပေးထားပြီး သူ့အမေကရိုက်တာမျိုးလဲ ရှိဖူးတယ်တစ်ခါတော့ သူတို့လုပ်မှာစိုးလို့ကိုယ်ကဦးအောင် ကုတင်ကို ခေါင်းနဲ့ဆောင့်ထားလိုက်တာ သွေးထွက်တဲ့အထိဒါမှ သူတို့က မလုပ်ရဲတော့မှာ

ခုလဲ ဒီမှာ ဆက်မနေချင်တော့ပါဘူးကလေးလဲ မထားခဲ့နိုင်ဘူးရန်ကုန်လည်း အဆက်အသွယ်ကမရတာကြာပြီ အောက်မှာ မောင်နှမ၂ ယောက်ရှိသေးတယ် ညီမအငယ်ကစကားမပြောတတ်ဘူး သူလည်းမုဒိမ်းကျင့်ခံရတယ်တဲ့ အမှုဖြစ်တယ်လဲကြားတယ်

ညီမအငယ် အမှုဖြစ်နေတုန်းမှာ အမေဆုံးသွားတယ်အမေဆုံးတော့ လမ်းစရိတ် မရှိလို့မပြန်နိုင်ခဲ့တာကို အမေ့ဘက်ကအမျိုးတွေက မကြည်တော့ ခုထိမခေါ်ဘူးအဖေလည်း သူများသတ်လို့သေပြီအငယ်နှစ်ယောက်ကိုတော့ ရေကြည်ကအမျိုးတွေ ခေါ်ထားတယ်ကြားတယ်ဘာတွေ ဆက်ဖြစ်ဦးမလဲ

ကျင့်ဝတ်နားမလည် မစောင့်ထိန်းပဲအသက်မပြည့်တဲ့ ကလေးသူငယ်တွေပါမချန် လက်ခံတဲ့ KTV တွေ အမြန်ကျဆုံးပါ​ေကလေးတွေရဲ့ဘဝ လုံခြုံကြပါစေ
Credit @ Nan Mouk seng

Leave a Reply

Your email address will not be published.