ကေတီဗွီ မာဆတ်မှာ လုပ်ကိုင် စားသောက်နေရတဲ့ မိန်းကလေး ဆိုပြီး အထင်သေးတော့ မလို့လား။ မဟုတ်သေး ဘူးနော်။ သူပြန်ပို့တဲ့ လုပ်အားခနဲ့ ပညာသင်ပြီး တနေ့မှာ အောင်မြင် ကျော်ကြားတဲ့ သူတွေ ဖြစ်လာနိုင်တဲ့ မောင်နှမတွေ သူ့မှာ ရှိနေနိုင်တယ်လေ
အတော်များများ မလုပ်ချင်တဲ့ စားပွဲထိုး အလုပ်ကို လုပ်နေရတဲ့ ကောင်လေး ဆိုပြီး နိုင်ထက်စီးနင်း ဆက်ဆံတော့ မလိုလား။ မဟုတ်သေး ဘူးနော်။ သူ့အတွက် ဘေးမသီ ရန်မခဖို့ နေ့စဉ် ဘုရားမှာ ဆုတောင်းပေးနေတဲ့ အမေ တယောက်တော့ သူ့မှာ ရှိနေနိုင်တယ်လေ




သူများ အိမ်မှာ အိမ်အကူ လုပ်နေရတဲ့ အိမ်ဖော် မိန်းကလေး ဆိုပြီး အထင်သေးတော့ မလို့လား။ မဟုတ်သေးဘူးနော်။ သူ့ကို အရမ်းချစ် အရမ်း တန်ဖိုးထားတဲ့ယောက်ျား တယောက်တော့ ရှိနေနိုင်တယ်လေ
လူတကာ အသက် အောင့်ပြီး ဖြတ်သွားလေ့ရှိတဲ့ အမှိုက်ပုံမှာ အမှိုက်သိမ်း နေတဲ့ ယောက်ျား ဆိုပြီး မတူ မတန်သလို ဆက်ဆံတော့ မလို့လား။ မဟုတ်သေးဘူးနော် သူအလုပ်က ပြန်လာရင် ဝမ်းသာအားရ ပြေးဖက်ပြီး ခရီးဦးကြို ပြုမယ့် ဇနီးသည် တယောက်တော့ သူ့မှာ ရှိနေနိုင် တယ်လေ




သူဋ္ဌေးတယောက် အတွက် မန်နေဂျာတွေ၊ ဘုတ်အဖွဲ့ဝင်တွေ ရှယ်ယာရှင် တွေနဲ့ CEO တွေပဲ တန်ဖိုး ရှိတာ မဟုတ်ပါဘူး။ ကားမောင်း ပေးမယ့် ဒရိုက်ဘာတွေ၊ တံခါးဖွင့် ပေးမယ့် လုံခြုံရေးတွေ၊ ဖိနပ်တိုက် ပေးမယ့် အလုပ်သမားတွေနဲ့ ချက်ပြုတ် ပေးမယ့် အိမ်အကူတွေလည်း သူဋ္ဌေးတယောက်အတွက် မရှိမဖြစ် တန်ဖိုးရှိ ကြပါတယ်
ကျွန်တော်တို့ အဖက်လုပ်ပြီးတောင် စကား မပြောချင်တဲ့ အောက်ခြေသိမ်း အလုပ်သမား တယောက်ဟာ သူ့မိသားစု မှာတော့ အားကိုး အားထားပြုရာ ကျေးဇူးရှင်စံပြပုဂ္ဂိုလ် တယောက် ဖြစ်နေနိုင် တယ်လေ




မူလီတချောင်းဟာ လမ်းမပေါ်မှာ ကျနေရင်တော့ ဘာမှ သုံးစားမရတဲ့ အမှိုက် ဖြစ်နေပေမယ့် ဒေါ်လာသန်းချီ တန်တဲ့ လေယာဉ်တစီး အတွက်တော့ အရေးကြီးဆုံးအစိတ်အပိုင်း တခု ဖြစ်နေနိုင်တယ်လေ
ဘာလို့လဲဆိုရင် တန်ဖိုးတခု အပေါ် ခံယူပုံခြင်း၊ မြင်တတ်ပုံခြင်း၊ နားလည်ပုံခြင်း၊ လေးစား တတ်ပုံခြင်း၊ နှလုံးသား ခံစားချက်ခြင်း ကွာခြားကြ လို့ပါ




နာဂစ် နောက်ပိုင်းမှာ လယ်သမားတွေက မြွေတွေရဲ့ တန်ဖိုးကို တမ်းတ ကြတယ်။ နာဂစ်မှာ မြွေတွေ သေကုန်တော့ နောက်ပိုင်း လယ်ယာတွေမှာ ကြွက်တွေသောင်းကျန်း ပါလေရော
အဲဒီမှာ ကြွက်ကို စားမယ့် မြွေက မရှိပေါ့ အဲဒီအခါမှ လယ်သမားတွေ ခမျာ သူတို့ အသက်ကို ရန်ရှာလေ့ရှိတဲ့ မြွေတွေရဲ့ တန်ဖိုးကို သိရပါတယ်




သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ ဖြစ်ဖြစ်၊ လူဖြစ်ဖြစ်၊ တိရစ္ဆာန် ဖြစ်ဖြစ်၊ ချမ်းသာသာ၊ ဆင်းရဲရဲ၊ သေးသေး၊ ကြီးကြီး၊ ပညာတတ်တတ်၊မတတ်တတ်၊ အထက်လွှာ ဖြစ်ဖြစ်၊ အောက်ခြေ ဖြစ်ဖြစ်၊ သူ့နေရာနဲ့သူ သူ့တန်ဖိုးနဲ့ သူ။ သူတို့ကို အစဉ်အမြဲ ချစ်ခင် တန်ဖိုးထားသူ ဆိုတာ ရှိစမြဲပါ
အဲဒီတော့ ဘယ်အရာကို မဆို ဘယ်သူ့ကို မဆို တန်ဖိုး မထားပေးနိုင်ရင်တောင် မထီမဲ့မြင် မလုပ်ကြ ပါနဲ့ လူတိုင်းကို အထင်မသေးပါနဲ့ Crd