ကားတစီးနဲ့ တမိသားစုလုံးကို လုံးဝ ရှာလို့ မတွေ့တဲ့ ဖားကန့်မှော်ဟောင်းကြီးထဲက ထူးဆန်းတဲ့ ဖြစ်ရပ်

News

ဖားကန့်မြို့တွင် လသားအရွယ်ကလေးငယ် ကို ကာကွယ်ဆေးထိုးပေးရန် ဖားကန့်သို့အဆင်း ရှရော်ခ၊

မော်မောင်းလယန်အတက် လမ်းဆုံတွင် ကားဘီးပေါက်ကာ ကျင်းသို့ ပြုတ်ကျသွားသည့်

မိသားစုဝင် ၃ ဦးနှင့် ကားကို ယနေ့ထိ ရှာမတွေ့သေးကြောင်း ကယ်ဆယ်ရေးလုပ်နေသူများမှ သိရပါတယ်။

ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ပြီး မှော်မောင်းလျှံကျေးရွာရှိ မှော်မောင်းလျှံအကျိုးတူ ကုမ္ပဏီမှ

ဝန်ထမ်းမိသားစု တစ်စုသည် လသားအရွယ်ကလေးငယ်ကို ကာကွယ်ဆေးထိုးပေးရန် ဖားကန့်ဆေးရုံသို့ခေါ်လာစဉ်

၎င်းတို့စီးနင်လာသည့် ကားမှာ အေးမြသာယာ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင်

ဘရိတ်ပေါက်ကွဲအရှိန်လွန် ပြုတ်သွားခဲ့ခြင်းဖြစ်ပါတယ်။“အခြေအနေကတော့ မထူးသေးဘူးဗျ။

ဒီနေ့လည်းရှာနေတုန်းပဲ ကားပြုတ်ကျတဲ့ ကန်က ပေ ၄၀၀ လောက်ရှိတဲ့ ကြိုးကို ရေပေါ်ကနေ ဖောင်ကနေ ချတာ

နှစ်ပေ သုံးပေလောက်ပဲပိုတယ်။ အလောင်းလည်းရှာမတွေ့သေးဘူး ပြုတ်ကျသွားတဲ့ကားလည်းမတွေ့သေးဘူး” ဟု

ကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက ဆိုပါတယ်။ “(၉)နာရီလောက်မှာ မိုးတွေ အရမ်းရွာနေတဲ့ အချိန် ဖြစ်တာ။

ကလေးတစ်ယောက်နဲ့ လူကြီး နှစ်ယောက်ပေါ့။ ဟိုးတုန်းက စက်တွေနဲ့ကျင်းတူးထားတာ။ မိုးတွင်းကျတော့

ရေတွေ ပြည့်နေတာလေ။ အဲဒီအထဲကို ကျတာ။ မဆယ်ရသေးဘူး။ ဆယ်မယ်ဆိုရင်လည်း စက်ယန္တရားကြီးနဲ့ပဲ ဆယ်လို့ရမှာ။

ကန်က အနက်ကြီးပဲလေ။ ကုန်းပေါ်ကနေ ဆင်းတာ ဆိုတော့ မိုးကလည်း ဘရိတ်နဲ့ ရီဘာနဲ့ မှားနင်းသလားပေါ့။

အသေးစိတ်တော့ မသိရသေးဘူး”ဟု ဒေသခံတဦးက ပြောပါတယ်။

လတ်တလောတွင် ရှာဖွေရေး လုပ်ငန်းများကို မှော်မောင်းလျှံ ကုမ္ပဏီ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းသားမှ

ဝန်ထမ်းများနှင့် ပရဟိတ အသင်းများက ရှာဖွေရေး လုပ်နေကြောင်း သိရပါတယ်။

အဆိုပါ မိသားစုမှာ ယင်းဒေသရှိ မှော်မောင်းလျှံအကျိုးတူကုမ္ပဏီ၏ စာရေးမိသားဖြစ်ပြီး၊

၎င်းတို့ စီးနင်းလာသည့် ကားအမျိုးအစားမှာ ပါဂျဲရိုးအမျိုးအစားဖြစ်ကြောင်း သိရပါတယ်။

ကျောက်စိမ်းမှော် အဟောင်းတွေ အများအပြား ရှိတဲ့ ဖားကန့်ရဲ့ ယာဉ်လမ်းကြောင်းတွေ ဘေးမှာ

အကာအကွယ် အတားအဆီးတွေ တပ်ဆင်ဖို့ လိုတယ်လို့ နားလည်သူများက ထောက်ပြလျက် ရှိပါတယ်။

အလွန်နက်တဲ့ မှော်အဟောင်းတွေရဲ့ ဘေးက လမ်းတွေပေါ်မှာ သွားနေသူတွေရဲ့ လုံခြုံရေးကို အဓိက ထားသင့်တယ်လို့ ပြောနေကြပါတယ်။

Credit

=============

Zawgyi

ဖားကန႔္ၿမိဳ႕တြင္ လသားအ႐ြယ္ကေလးငယ္ ကို ကာကြယ္ေဆးထိုးေပးရန္ ဖားကန္႔သို႔အဆင္း ရွေရာ္ခ၊

ေမာ္ေမာင္းလယန္အတက္ လမ္းဆုံတြင္ ကားဘီးေပါက္ကာ က်င္းသို႔ ျပဳတ္က်သြားသည့္

မိသားစုဝင္ ၃ ဦးႏွင့္ ကားကို ယေန႔ထိ ရွာမေတြ႕ေသးေၾကာင္း ကယ္ဆယ္ေရးလုပ္ေနသူမ်ားမွ သိရပါတယ္။

ဇြန္လ ၉ ရက္ေန႔ နံနက္ ၉ နာရီခြဲအခ်ိန္ခန္႔က ျဖစ္ပြားခဲ့ၿပီး ေမွာ္ေမာင္းလွ်ံေက်း႐ြာရွိ ေမွာ္ေမာင္းလွ်ံအက်ိဳးတူ ကုမၸဏီမွ

ဝန္ထမ္းမိသားစု တစ္စုသည္ လသားအ႐ြယ္ကေလးငယ္ကို ကာကြယ္ေဆးထိုးေပးရန္ ဖားကန္႔ေဆး႐ုံသို႔ေခၚလာစဥ္

၎တို႔စီးနင္လာသည့္ ကားမွာ ေအးျမသာယာ ေက်ာက္စိမ္းလုပ္ကြက္ေဟာင္းတစ္ခုတြင္

ဘရိတ္ေပါက္ကြဲအရွိန္လြန္ ျပဳတ္သြားခဲ့ျခင္းျဖစ္ပါတယ္။“အေျခအေနကေတာ့ မထူးေသးဘူးဗ်။

ဒီေန႔လည္းရွာေနတုန္းပဲ ကားျပဳတ္က်တဲ့ ကန္က ေပ ၄၀၀ ေလာက္ရွိတဲ့ ႀကိဳးကို ေရေပၚကေန ေဖာင္ကေန ခ်တာ

ႏွစ္ေပ သုံးေပေလာက္ပဲပိုတယ္။ အေလာင္းလည္းရွာမေတြ႕ေသးဘူး ျပဳတ္က်သြားတဲ့ကားလည္းမေတြ႕ေသးဘူး” ဟု

ကယ္ဆယ္ေရးလုပ္ေနသူ တစ္ဦးက ဆိုပါတယ္။ “(၉)နာရီေလာက္မွာ မိုးေတြ အရမ္း႐ြာေနတဲ့ အခ်ိန္ ျဖစ္တာ။

ကေလးတစ္ေယာက္နဲ႔ လူႀကီး ႏွစ္ေယာက္ေပါ့။ ဟိုးတုန္းက စက္ေတြနဲ႔က်င္းတူးထားတာ။ မိုးတြင္းက်ေတာ့

ေရေတြ ျပည့္ေနတာေလ။ အဲဒီအထဲကို က်တာ။ မဆယ္ရေသးဘူး။ ဆယ္မယ္ဆိုရင္လည္း စက္ယႏၲရားႀကီးနဲ႔ပဲ ဆယ္လို႔ရမွာ။

ကန္က အနက္ႀကီးပဲေလ။ ကုန္းေပၚကေန ဆင္းတာ ဆိုေတာ့ မိုးကလည္း ဘရိတ္နဲ႔ ရီဘာနဲ႔ မွားနင္းသလားေပါ့။

အေသးစိတ္ေတာ့ မသိရေသးဘူး”ဟု ေဒသခံတဦးက ေျပာပါတယ္။

လတ္တေလာတြင္ ရွာေဖြေရး လုပ္ငန္းမ်ားကို ေမွာ္ေမာင္းလွ်ံ ကုမၸဏီ ဝန္ထမ္းမ်ား၊ ၾကက္ေျခနီအသင္းသားမွ

ဝန္ထမ္းမ်ားႏွင့္ ပရဟိတ အသင္းမ်ားက ရွာေဖြေရး လုပ္ေနေၾကာင္း သိရပါတယ္။

အဆိုပါ မိသားစုမွာ ယင္းေဒသရွိ ေမွာ္ေမာင္းလွ်ံအက်ိဳးတူကုမၸဏီ၏ စာေရးမိသားျဖစ္ၿပီး၊

၎တို႔ စီးနင္းလာသည့္ ကားအမ်ိဳးအစားမွာ ပါဂ်ဲ႐ိုးအမ်ိဳးအစားျဖစ္ေၾကာင္း သိရပါတယ္။

ေက်ာက္စိမ္းေမွာ္ အေဟာင္းေတြ အမ်ားအျပား ရွိတဲ့ ဖားကန႔္ရဲ႕ ယာဥ္လမ္းေၾကာင္းေတြ ေဘးမွာ

အကာအကြယ္ အတားအဆီးေတြ တပ္ဆင္ဖို႔ လိုတယ္လို႔ နားလည္သူမ်ားက ေထာက္ျပလ်က္ ရွိပါတယ္။

အလြန္နက္တဲ့ ေမွာ္အေဟာင္းေတြရဲ႕ ေဘးက လမ္းေတြေပၚမွာ သြားေနသူေတြရဲ႕ လုံၿခဳံေရးကို အဓိက ထားသင့္တယ္လို႔ ေျပာေနၾကပါတယ္။

Credit

Leave a Reply

Your email address will not be published.