ထူးဆန္းေသာ ေရာဂါေၾကာင့္ ေက်ာက္တုံးအျဖစ္ တေျဖးေျဖး ေျပာင္းလဲေနေသာ သနားစရာ ေကာင္ေလး

News

နီပေါနိုင်ငံ၊ဘတ်လန်းပြည်နယ်မှ ရာမတ်ရှ် အမည်ရှိတဲ့ အသက် ၁၁ နှစ်အရွယ်ကောင်လေးဟာ သူရဲ့ရှားပါးတဲ့ အရေပြားရောဂါကြောင့် အရေပြားတွေဟာ ကျောက်သားလိုမာကျောနေပြီ ခြေတွေလက်တွေကလည်း ကွေးကောက်နေတဲ့ဝေဒနာကို ခံစားနေရပါတယ်။

ဒီရောဂါဟာ သူမွေးဖွားပြီးတစ်ပါတ်အကြာလောက်မှာစတင်ဖြစ်ပွားခဲ့ပြီး သူ့ရဲ့အရေပြားတွေဟာ ကွာကျသွားပြီး အသစ်ထွက်လာတဲ့အရေပြားတွေဟာ မာကျောလာတာဖြစ်ပါတယ်။

ဒီကလေးဟာ ပြေးလွှားဆော့ကစားနိုင်ခြင်းမရှိပဲ သူ့ရဲ့အမေဖြစ်သူ နန္ဒာကတော့ ” သူမွေးမွေးပြီးချင်း ၁၅ ရက်အကြာလောက်မှာ အရေပြားတွေဟာ ကွာကျလာခဲ့ပြီးတော့ နောက်ထပ်ထွက်လာတဲ့ အရေပြားတွေ ဟာ မာကျောပြီး အနက်ရောင်ဖြစ်နေပါတယ်။

ကျွန်မတို့လည်း သူကိုဘာလုပ်ပေးလို့ လုပ်ပေးရမှန်းမသိသလို သူကလည်း ထမင်းစားတဲ့အချိန်၊အိမ်သာသွားချင်တဲ့အချိန်တွေပဲ ကျွန်မတို့ကို စကားပြောနိုင်တော့တာပါ။

သူဟာ ထိုင်ပြီး ငိုပဲငိုနေတတ်ပြီး တခြားရွယ်တူကလေးတွေကလည်း သူကို မြင်ရင် ငိုပြီး ထွက်ပြေးကြပါတယ်။အဲ့လိုမျိုး ကြုံလာရင် သူလည်းခံစားရသလို ကျွန်မတို့လည်း နာကျင်ရပါတယ်။ ” လို့ပြောဆိုခဲ့ပါတယ်။

ရာမတ်ရှ်ရဲ့ မိသားစုဟာ တစ်လကို ရူပီး ၇၀၀၀ သာဝင်ငွေရှိပြီးတော့ မြန်မာငွေတစ်သိန်းကျော်သာရှိတဲ့ ပမာဏဖြစ်လို့ ရာမတ်ရှ်ကို ဆေးမကုပေးနိုင်ပါဘူး။

ဒါပေမဲ့ ဗြိတိန်အဆိုတော် ဂျော့စ်စတုန်းဟာ သူကလေးကို ဆေးကုသရာမှာ လိုအပ်တဲ့ ကုန်ကျစရိတ်ကို စိုက်ထုတ်ပြီး ကုပေးခဲ့ပါတယ်။ရာမတ်ရှ် ဟာ အခုဆိုရင် ခေတ္တမန္ဒူဆေးရုံမှာ ဆေးကုသမူခံယူနေပါတယ်။

ရာမတ်ရှ် ခံစားနေရတဲ့ ရောဂါဟာ Ichthyosis လို့ခေါ်ဝေါ်ပြီး မွေးရာပါအရေပြားချို့ယွင်းချက်ဖြစ်ပြီး ရောဂါခံစားရသူတွေဟာ အရေပြားတွေကွာကျပြီးတော့ မာကျောလာတာဖြစ်ပါတယ်။ichthy ဆိုတဲ့အဓိပ္ပါယ်ဟာ ဂရိစကားဖြစ်ပြီး ငါးအကြေးခွံလိုအဓိပ္ပာယ်ရပါတယ်။

နှစ်စဉ်နှစ်တိုင်း ကလေးငယ်ပေါင်း ၁၆၀၀၀ ကျော်ဟာ ဒီရောဂါကိုခံစားရပြီးတော့ လက်ရှိအချိန်ထိ ပျောက်ကင်းစေတဲ့ ကုသနည်းကိုမတွေ့ရှိသေးပါဘူး။

Credit

Zawgyi

နီေပါႏိုင္ငံ၊ဘတ္လန္းျပည္နယ္မွ ရာမတ္ရွ္ အမည္ရွိတဲ့ အသက္ ၁၁ ႏွစ္အ႐ြယ္ေကာင္ေလးဟာ သူရဲ႕ရွားပါးတဲ့ အေရျပားေရာဂါေၾကာင့္ အေရျပားေတြဟာ ေက်ာက္သားလိုမာေက်ာေနၿပီ ေျခေတြလက္ေတြကလည္း ေကြးေကာက္ေနတဲ့ေဝဒနာကို ခံစားေနရပါတယ္။

ဒီေရာဂါဟာ သူေမြးဖြားၿပီးတစ္ပါတ္အၾကာေလာက္မွာစတင္ျဖစ္ပြားခဲ့ၿပီး သူ႔ရဲ႕အေရျပားေတြဟာ ကြာက်သြားၿပီး အသစ္ထြက္လာတဲ့အေရျပားေတြဟာ မာေက်ာလာတာျဖစ္ပါတယ္။

ဒီကေလးဟာ ေျပးလႊားေဆာ့ကစားႏိုင္ျခင္းမရွိပဲ သူ႔ရဲ႕အေမျဖစ္သူ နႏၵာကေတာ့ ” သူေမြးေမြးၿပီးခ်င္း ၁၅ ရက္အၾကာေလာက္မွာ အေရျပားေတြဟာ ကြာက်လာခဲ့ၿပီးေတာ့ ေနာက္ထပ္ထြက္လာတဲ့ အေရျပားေတြ ဟာ မာေက်ာၿပီး အနက္ေရာင္ျဖစ္ေနပါတယ္။

ကြၽန္မတို႔လည္း သူကိုဘာလုပ္ေပးလို႔ လုပ္ေပးရမွန္းမသိသလို သူကလည္း ထမင္းစားတဲ့အခ်ိန္၊အိမ္သာသြားခ်င္တဲ့အခ်ိန္ေတြပဲ ကြၽန္မတို႔ကို စကားေျပာႏိုင္ေတာ့တာပါ။

သူဟာ ထိုင္ၿပီး ငိုပဲငိုေနတတ္ၿပီး တျခား႐ြယ္တူကေလးေတြကလည္း သူကို ျမင္ရင္ ငိုၿပီး ထြက္ေျပးၾကပါတယ္။အဲ့လိုမ်ိဳး ႀကဳံလာရင္ သူလည္းခံစားရသလို ကြၽန္မတို႔လည္း နာက်င္ရပါတယ္။ ” လို႔ေျပာဆိုခဲ့ပါတယ္။

ရာမတ္ရွ္ရဲ႕ မိသားစုဟာ တစ္လကို ႐ူပီး ၇၀၀၀ သာဝင္ေငြရွိၿပီးေတာ့ ျမန္မာေငြတစ္သိန္းေက်ာ္သာရွိတဲ့ ပမာဏျဖစ္လို႔ ရာမတ္ရွ္ကို ေဆးမကုေပးႏိုင္ပါဘူး။

ဒါေပမဲ့ ၿဗိတိန္အဆိုေတာ္ ေဂ်ာ့စ္စတုန္းဟာ သူကေလးကို ေဆးကုသရာမွာ လိုအပ္တဲ့ ကုန္က်စရိတ္ကို စိုက္ထုတ္ၿပီး ကုေပးခဲ့ပါတယ္။ရာမတ္ရွ္ ဟာ အခုဆိုရင္ ေခတၱမႏၵဴေဆး႐ုံမွာ ေဆးကုသမူခံယူေနပါတယ္။

ရာမတ္ရွ္ ခံစားေနရတဲ့ ေရာဂါဟာ Ichthyosis လို႔ေခၚေဝၚၿပီး ေမြးရာပါအေရျပားခ်ိဳ႕ယြင္းခ်က္ျဖစ္ၿပီး ေရာဂါခံစားရသူေတြဟာ အေရျပားေတြကြာက်ၿပီးေတာ့ မာေက်ာလာတာျဖစ္ပါတယ္။ichthy ဆိုတဲ့အဓိပၸါယ္ဟာ ဂရိစကားျဖစ္ၿပီး ငါးအေၾကးခြံလိုအဓိပၸာယ္ရပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္း ကေလးငယ္ေပါင္း ၁၆၀၀၀ ေက်ာ္ဟာ ဒီေရာဂါကိုခံစားရၿပီးေတာ့ လက္ရွိအခ်ိန္ထိ ေပ်ာက္ကင္းေစတဲ့ ကုသနည္းကိုမေတြ႕ရွိေသးပါဘူး။

Credit

Leave a Reply

Your email address will not be published.