ဒီလောက်ကုန်စျေးနှုန်းတွေကြီးနေတဲ့ ခေတ်ကြီးမှာ တုတ်ထိုး တစ်ချောင်းကို ၅၀ ကျပ်နဲ့ ရောင်းနေတဲ့ အဘကို အားပေးကြပါဦး

News

လှည်းနဲ့တွန်းပြီး နေရာအစုံ လိုက်ရောင်းနေတဲ့ ရှားရှားပါးပါး (၅၀) ကျပ်တန် တုတ်ထိုး အဘ..

မအူပင်မြို့ ၊ မြို့သစ် ၃ လမ်း ထောင့်လေးမှာ ဒုတ်ထိုးရောင်းနေတဲ့ အဘိုးဖြစ်ပါတယ်။ ညောင်ဝိုင်းလမ်းဘက်မှာ ရောင်းသလို စက်မှုဇုံ အရှေ့မှာလည်း ရောင်းကြောင်း သိရပါတယ် ။

တခါတလေလည်း လှည်းနဲ့တွန်းပြီး နေရာအစုံလိုက်ရောင်းကြောင်း တချောင်းမှ ၅၀ ကျပ်ဖြစ်သလို အရသာလည်း အလွန်ကောင်မွန်ကြောင်း စားကောင်းရဲ့လား ဆိုတာကိုလည်း အဘိုးက ခနခနမေးကြောင်း ဒေသခံပြည်သူတွေထံမှ သိရပါတယ်။

ဒီလောက်ကုန်စျေးနှုန်းတွေကြီးနေတဲ့ ခေတ်ကြီးမှာ တုတ်ထိုး တစ်ချောင်း ၅၀ နဲ့ ရောင်းဖို့ဆိုတာ တကယ်မလွယ်ပါဘူး

အသက်အရွယ်ကြီးရင့်နေပေမဲ့ ဈေးရောင်းနေရရှာတဲ့ အဘိုးအဘွားတွေထံမှ ဝယ်ယူ အားပေးနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။
Credit

Leave a Reply

Your email address will not be published.