
News

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်နှင့် မုံရွာခရိုင်အတွင်း မြို့နယ်တွင်း ထိတွေ့တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများရှိနေ၍ ခရီးသွားများ လိုက်နာရမည့်အချက်များအားဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အပါအဝင် မြို့နယ်တွင်း ထိတွေ့တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့်အတွက် မုံရွာမြို့နေ ပြည်သူများအနေဖြင့် ဘေးကင်းရန် ယနေ့ ဇွန်လ ၈ ရက်နေ့မှစ၍ ဘေးအန္တရယ်ကင်းရှင်းသည်ဟုထုတ်ပြန်
သည်အထိ စကစတပ်များအနီးသို့ သွားလာခြင်းမပြုရန်၊

မလိုအပ်ဘဲ အပြင်ထွက် သွားလာခြင်း မပြုရန်နှင့် လမ်းကြောအခြေအနေသတင်း နားစွင့်ပြီး သတိနှင့်သွားလာကြရန် အနောက်မြောက်လွင်ပြင်တော်လှန်ရေး အင်အားစုက အသိပေးကြေညာသည်။

အသိပေးကြေညာချက်ကို မလိုက်နာ၍ တစ်စုံတစ်ရာဖြစ်ခဲ့လျှင် တာဝန်ယူမည်မဟုတ်ဟု အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုက သတိပေးသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်အတွင်း စစ်ကိုင်း-မုံရွာလမ်း၊ စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းများအား ဖြတ်သန်းသွားလာကြမည့် ခရီးသွားပြည်သူကားများ၊ ကုန်တင်ယာဥ်များ၊ Express ကားများကို ည ၈ နာရီမှ နောက်တစ်နေ့နံနက် ၅ နာရီအတွင်း သွားလာဖြတ်သန်းခြင်းမပြုရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း ၁ က သတိပေးသည်။

ကျန်းမာရေးကိစ္စ အရေးပေါ်ဖြတ်သန်းလိုပါက အသိပေးရန်နှင့် တားမြစ်ထားသည့် အချိန်မှအပ ဖြတ်သန်းသွားလာကြမည့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အရပ်သားပြည်သူ အသွင်ယူကာ သွားလာခြင်းများ ပုန်းအောင်းခိုကပ်ကာ သွားလာခြင်းများကို မပြုလုပ်နိုင်စေရန် အချိုရည်ပို့ဆောင်သည့်ကားများ၊ ကွန်တိန်နာကားများ၊ မိုးကာအုပ်ထားသည့် ကုန်တင်ယာဥ်များအနေဖြင့် ဘေးတံခါးများဖွင့်ထားခြင်း၊ မိုးကာဖွင့်၍ လှပ်ထားခြင်းများ ပြုလုပ်၍သာ ဖြတ်သန်းကြရန် စစ်ကိုင်းခရိုင် တပ်ရင်း ၁ က ထပ်မံသတိပေးကြေညာသည်။

ပြည်သူလူထုလုံခြုံရေးအတွက် ထုတ်ပြန်ခြင်းဖြစ်၍ အလေးအနက်ထားလိုက်နာကြရန် လိုအပ်ပြီး မလိုက်နာ၍တစ်စုံ
တစ်ရာဖြစ်ခဲ့ပါက လိုက်နာမှုမပြုသူ၏တာဝန်သာဖြစ်ကြောင်းစစ်ကိုင်းခရိုင်တပ်ရင်း ၁ကအသိပေးထားသည်။

စစ်ကိုင်းတိုင်း၊စစ်ကိုင်းခရိုင်၊မုံရွာခရိုင်နှင့်ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များအားလုံးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အိမ်ပေါင်းထောင်ချီ မီးရှို့ဖျက်ဆီးထားသည်။

(မုံရွာ-မန္တလေးလမ်းပေါ် လမ်းပိုင်းခေတ္တပိတ်ထား၍ စောင့်ဆိုင်းနေသော ခရီးသွားယာဥ်များအား ပြီးခဲ့သည့်လပိုင်းအတွင်းက တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်နှင့် မုံရွာခရိုင်အတွင်း မြို့နယ်တွင်း ထိတွေ့တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများရှိနေ၍ ခရီးသွားများ လိုက်နာရမည့်အချက်များအားဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အပါအဝင် မြို့နယ်တွင်း ထိတွေ့တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့်အတွက် မုံရွာမြို့နေ ပြည်သူများအနေဖြင့် ဘေးကင်းရန် ယနေ့ ဇွန်လ ၈ ရက်နေ့မှစ၍ ဘေးအန္တရယ်ကင်းရှင်းသည်ဟုထုတ်ပြန်သည်အထိ စကစတပ်များအနီးသို့ သွားလာခြင်းမပြုရန်၊

မလိုအပ်ဘဲ အပြင်ထွက် သွားလာခြင်း မပြုရန်နှင့် လမ်းကြောအခြေအနေသတင်း နားစွင့်ပြီး သတိနှင့်သွားလာကြရန် အနောက်မြောက်လွင်ပြင်တော်လှန်ရေး အင်အားစုက အသိပေးကြေညာသည်။

အသိပေးကြေညာချက်ကို မလိုက်နာ၍ တစ်စုံတစ်ရာဖြစ်ခဲ့လျှင် တာဝန်ယူမည်မဟုတ်ဟု အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုက သတိပေးသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်အတွင်း စစ်ကိုင်း-မုံရွာလမ်း၊ စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းများအား ဖြတ်သန်းသွားလာကြမည့် ခရီးသွားပြည်သူကားများ၊ ကုန်တင်ယာဥ်များ၊ Express ကားများကို ည ၈ နာရီမှ နောက်တစ်နေ့နံနက် ၅ နာရီအတွင်း သွားလာဖြတ်သန်းခြင်းမပြုရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း ၁ က သတိပေးသည်။

ကျန်းမာရေးကိစ္စ အရေးပေါ်ဖြတ်သန်းလိုပါက အသိပေးရန်နှင့် တားမြစ်ထားသည့် အချိန်မှအပ ဖြတ်သန်းသွားလာကြမည့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အရပ်သားပြည်သူ အသွင်ယူကာ သွားလာခြင်းများ ပုန်းအောင်းခိုကပ်ကာ သွားလာခြင်းများကို မပြုလုပ်နိုင်စေရန် အချိုရည်ပို့ဆောင်သည့်ကားများ၊ ကွန်တိန်နာကားများ၊ မိုးကာအုပ်ထားသည့် ကုန်တင်ယာဥ်များအနေဖြင့် ဘေးတံခါးများဖွင့်ထားခြင်း၊ မိုးကာဖွင့်၍ လှပ်ထားခြင်းများ ပြုလုပ်၍သာ ဖြတ်သန်းကြရန် စစ်ကိုင်းခရိုင် တပ်ရင်း ၁ က ထပ်မံသတိပေးကြေညာသည်။

ပြည်သူလူထုလုံခြုံရေးအတွက် ထုတ်ပြန်ခြင်းဖြစ်၍ အလေးအနက်ထားလိုက်နာကြရန် လိုအပ်ပြီး မလိုက်နာ၍တစ်စုံ
တစ်ရာဖြစ်ခဲ့ပါက လိုက်နာမှုမပြုသူ၏တာဝန်သာဖြစ်ကြောင်းစစ်ကိုင်းခရိုင်တပ်ရင်း ၁ကအသိပေးထားသည်။

စစ်ကိုင်းတိုင်း၊စစ်ကိုင်းခရိုင်၊မုံရွာခရိုင်နှင့်ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များအားလုံးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အိမ်ပေါင်းထောင်ချီ မီးရှို့ဖျက်ဆီးထားသည်။

(မုံရွာ-မန္တလေးလမ်းပေါ် လမ်းပိုင်းခေတ္တပိတ်ထား၍ စောင့်ဆိုင်းနေသော ခရီးသွားယာဥ်များအား ပြီးခဲ့သည့်လပိုင်းအတွင်းက တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

Credit

Leave a Reply

Your email address will not be published.