စစ်ကိုင်းရေ…
မင်းမြေမှာ သူရဲကောင်းတွေပဲမွေးခဲ့လေသလား။
ငြိမ်မခံဘဲ တော်လှန်လို့ရတဲ့အကျိုးဆက်က..ပိုင်ဆိုင်မှုတွေ ပြာကျ အညွန့်အဖူးတွေ မြေချ။ဒါတောင် မင်းမြေမှာ တော်လှန်ကြတုန်း။
စစ်ကိုင်းရေ…




မင်းမြေဟာ သမိုင်းအသစ်တွေ ရေးနေပြီ။သစ္စာမြင်းကို ဒုန်းစိုင်းရင်း လွတ်မြောက်ခရီးဆီ ဦးတည်နေကြပြီ။ရိုးသားတဲ့ အညာသူ အညာသားတွေဟာ ဒီခရီးမှာ ယုံကြည်စွာ လိုက်ပါနေကြပြီ။
စိတ်ပိုင်းဖြတ်မှုဟာ ပြတ်သားကုန်ကြပြီ။ လွတ်လပ်တဲ့ နယ်မြေအသစ်ဆီ ခရီးနှင်နေပြီ။




စစ်ကိုင်းရေ…
မင်းမြေမှာ တော်လှန်ပန်းတွေ ဆွေးဆွေးနီ နေပြီ။
အညာနွေဦးမှာ စစ်အရူးတွေ ကြောက်ဒူးတုန်နေပြီ
ဒီခရီးမှာ 5/ တွေဟာ လွတ်မြောက်နယ်မြေ ဖြစ်ဖို့နီးနေပြီ။ လက်တစ်ကမ်းမှာ ပန်းဝင်တော့မည်။ လောင်စာဆီတာ တစ်လီတာစီထည့်ဝင်ကြရင် အညာရထားဟာ ဘူတာရောက်တော့မည်။ဒီရထားကို ဝိုင်းကူပေးရမည်။
ပြည်သူအပေါင်းတို့ရေ…




အညာရထားဟာ ဥသြသံပေးနေပြီ။
ခေါင်းတွဲရော နောက်တွဲတွေပါ တာဆူနေကြပြီ။
ဒီရထားဟာ လွတ်မြောက်နယ်မြေဆီ မောင်းနှင်နေပြီ။ လိုရာခရီးအတွက် ကျွန်တော်တို့တွေ ပါဝင်ပေးရမယ်။
အညာရထားဟာခရီးဆက်နေပြီ ခရီးအဆုံးထိ လိုက်ပါပေးရမည်။




လမ်းချောအောင် ပြုပြင်ပေးရမည်။ ဒီရထားကို ကူညီပေးရမည်။ လောင်စာရှိမှ ခရီးတွင်မည်။
လောင်စာဖိုးတွေ ပါဝင်ပေးရမည်။
ဒီခရီးဟာ အရမ်း နီးနေပြီ။
အညာရထားဟာ ခရီးတွင်နေပြီ။
တော်လှန်ခရီးအတွက် လောင်စာဆီတွေ ကူညီ ပေးရမည်။
#credit ~~~~~~~
#GaLoN YMB PDF




စစ်ကိုင်းရေ…
စစ်ကိုင်းရေ…




စစ်ကိုင်းရေ…




ပြည်သူအပေါင်းတို့ရေ…




#credit ~~~~~~~
#GaLoN YMB PDF