လူစည်ကားလွန်းတဲ့ကျောက်မြောင်း ဩဘာလမ်းမှာနေအိမ်တစ်အိမ်ဖော.က်ထွင်းခံရပြန်ပြီ
News
ခုတလော ရန်ကုန်မြို့မှာ ခို.းဆိုးလုယက်မှုများ ၊ ဓ.ားပြမှုများ ၊ မိန်းကလေးများအား ကာယိ​န္ဒြေပျ.က်အောင် လုပ်ဆောင်မှုများ ၊ ဖော.က်ထွင်းမှုများ တစ်နေ့တစ်ခြား ပိုပိုပေါများလာနေတာကို လူမှုကွန်ယက်တွေမှာ အမြဲမြင်တွေ့နေကြရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၄)ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ် ၊ ကျောက်မြောင်း ၊ ဩဘာလမ်း မှာ အိမ်ဖော.က်ထွင်းခံရတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါဖော.က်ထွင်းမှု​ဟာ မနက် (၁၁) နာရီ ကနေ ညနေ (၅) နာရီ အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အိမ်ပိုင်ရှင် ဟာ ညနေ (၅) နာရီ အိမ်ပြန်ရောက်တဲ့အခါမှာ အိမ်ရှေ့သံတံခါးသော့ နဲ့ တံခါးမကြီးမှာ သော့ တွေမရှိတော့ပဲ တစ်အိမ်လုံးရှုပ်ပွနေအောင် မွှေခံထားရတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။အဆိုပါ ဖော.က်ထွင်းမှုကြောင့် (၁)မတ်ကျော် ချယ်စိန် လက်စွပ် ၊
(၁) မတ်ကျော် ချယ်နီလာလက်စွပ် ၊ (၄) ပဲကျော် အခေါက်ရွှေလက်စွပ် ၊ (၁) မတ်ကျော် စိန် နားစွဲ နှင့် ချယ် စိန် နားကပ် ၊ (၁) ဂရမ်ကျော် ပလက်တီနမ် ဆွဲသီး ၊ ကျောက်ဆွဲသီး (၇) ပွင့် ၊ (၁) ဂရမ်ကျော် ပလက်တီနမ် လက်စွပ် (၂) ကွင်း ၊ Rose gold platinum
ဆွဲကြိုး ၊ Mi Note 10 pro Aurora Green 8 ၊ Galaxy watch 4 Black ၊ Puma ကျောပိုးအိတ်အမည်းရောင် ၊ Air pod pro ၊ Hawkers Black sunglasses နဲ့ ငွေသားသိန်း (၂၀) ကျော် ပါသွားခဲ့တယ် လို့ သိရပါတယ်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
ခုတလော ရန်ကုန်မြို့မှာ ခို.းဆိုးလုယက်မှုများ ၊ ဓ.ားပြမှုများ ၊ မိန်းကလေးများအား ကာယိ​န္ဒေပျြ.က်အောင် လုပ်ဆောင်မှုများ ၊ ဖော.က်ထွင်းမှုများ တစ်နေ့တစ်ခြား ပိုပိုပေါများလာနေတာကို လူမှုကွန်ယက်တွေမှာ အမြဲမြင်တွေ့နေကြရပါတယ်။
Leave a Reply
Your email address will not be published.